အဆိုတော်အာဇာနည်ကတော့ သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်သူဖြစ်ပြီး အချိန်အတော်ကြာအနုပညာလောကမှာရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။အာဇာနည်ကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကိုဖန်တီးထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ ယနေ့မှာတော့ အာဇာနည်ရဲ့ ဇနီးသည်ဖြစ်သူဝမ်းဟာ တတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီလေးကို ယနေ့မှာ မွေးဖွားပေးလိုက်ပြီဖြစ်ပါတယ်။

Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc

အာဇာနည်ကတော့ " သမီးလေး ဒီနေ့မနက်မှာ ကျွန်တော်တို့မိသားစုဘဝထဲကို ရောက်လာပါပြီ သမီးလေး ကျန်းကျန်းမာမာနဲ့ ကမ္ဘာမြေကြီးအတွက် ကံကောင်းချင်းတွေ ချစ်ချင်းမေတ္တာတရားတွေ တစ်ပွေ့တစ်ပိုက်ကြီးသယ်ဆောင်လာပါပြီ ကမ္ဘာသူကမ္ဘာသား များနှင့် သတ္တဝါများအားလုံး လဲကျန်းမာချမ်းသာ ၍ ကမ္ဘာမြေကြီးလဲစိမ်းလန်းဆိုပြေသာယာလှပပါစေR+1 -14,5,2020 "ဆိုပြီး သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc

အာဇာနည်ကတော့ ယနေ့မှာကျန်းကျန်းမာမာနဲ့မွေးဖွားလာပြီး မိသားစုလေးထဲကိုရောက်ရှိလာတဲ့ ချစ်စရာသမီးလေးကို ချစ်မဝနိုင်အောင်ဖြစ်နေခဲ့ကာသမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုပရိသတ်တွေရှေ့ချပြလာခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ယနေ့မှာ မွေးဖွားလာတဲ့ အဆိုတော်အာဇာနည်သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source  : Zarni Myonyunt ' s Facebook Acc

Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။