အဆိုတော်Ar Tကတော့ အမိုက်စားသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ Ar Tကတော့ သီချင်းအသစ်လေးတွေထွက်ရှိထားပြီး အဆိုပါသီချင်းလေးတွေဟာ ပရိသတ်တွေကြား အမြဲရေပန်းစားလျက်ရှိနေတာပဲဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Ar Tကတော့  ယခုမှာ အနုပညာအလုပ်တွေအနေနဲ့ ပွဲတွေကို တတ်ရောက်နေသလို ပွဲတွေမှာ သီဆိုဖျော်ဖြေလျက်ရှိနေပါတယ်။

Photo Credit : Ar T' s Facebook Page
Photo Credit : Ar T' s Facebook Page

ယနေ့မေလ၁၅ရက်နေ့ကတော့ Noအဖွဲ့ဝင်ဖြစ်တဲ့ အဆိုတော်ရတနာရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ချစ်ခင်ရတဲ့ သူငယ်ချင်းတွေပရိသတ်တွေကတော့ မွေးနေ့လေးမှာ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလာခဲ့ပါတယ်။ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့  Ar Tကတော့ ယခုမှာ ၁၇နှစ်ကျော်ခင်မင်လာတဲ့ Noအဖွဲ့ဝင်သူငယ်ချင်းရတနာရဲ့ မွေးနေ့လေးမှာ ဆယ်ကျော်သက်အရွယ်က ပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။

Photo Credit:Thi Ha Tun's Facebook Page
Photo Credit : Ar T' s Facebook Page

Ar Tကတော့ "သူငယ်ချင်း ရတနာ​(No!) ရေ Happy Birthday ငါတို့​တွေခင်လာတာ ၂၀၀၃ ကတည်းက​ဆို​တော့ အခုဆို ၁၇ နှစ်​တောင်ရှိ​ရော​ပေါ့. . အခုပုံ​လေးက ၂၀၀၄ ကပုံ .. အရင်အချိန်​တွေကိုလွမ်းတယ်သူငယ်ချင်း "ဆိုပြီးလူမှုကွန်ယက်ထက်မှာ ငယ်ဘဝရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ရတနာနဲ့ အဆိုတော်Ar Tတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Ar T' s Facebook Page

Photo Credit:Thi Ha Tun's Facebook Page
Photo Credit:Thi Ha Tun's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။