ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)၊ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်ယူ-၂၂ အသင်းဟာ တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ပြီး ခြေစွမ်းကောင်းမွန်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကနေ ခြေစွမ်း​ခြေစရှိတဲ့ လူငယ်ကစားသမားတွေများစွာပေါ်ထွက်ခဲ့ပြီး မြန်မာလက်ရွေးစင်ယူ၂၂အသင်းက အောင်ကောင်းမာန်လည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ 

Photo Credit : Aung Kaung Mann ' s Facebook Acc
Photo Credit : Aung Kaung Mann ' s Facebook Acc

အောင်ကောင်းမာန်ကတော့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)၊ အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲအပြီးမှာတော့ ခြေစွမ်းကောင်းလွန်းတဲ့ အောင်ကောင်းမာန်ကို ပြည်ပကလပ်တွေစိတ်ဝင်စားလာခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာတော့ အောင်ကောင်းမာန်ဟာ ထိုင်းကလပ် ထရတ် ( Trat FC )အသင်းမှာ ကစားလျက်ရှိနေပြီး ပုံမှန်ပွဲထွက်ခွင့်ရရှိထားသူဖြစ်ပါတယ်။

Photo Credit : Aung Kaung Mann ' s Facebook Acc
Photo Credit : Aung Kaung Mann ' s Facebook Acc

ယခုမှာ Covid 19ကြောင့် ဘောလုံးပွဲတွေရပ်နားထားခဲ့တာပဲဖြစ်ပြီး အောင်ကောင်းမာန်ကတော့ ဘောလုံးပွဲတွေပြန်ကစားချင်တဲ့အကြောင်း ပရိသတ်တွေထံ ပြောပြလာခဲ့ပါတယ်။ အောင်ကောင်းမာန်ကတော့ " ဘောလုံးပွဲတွေ ပြန်ကစားချင်နေပါပြီ။တကယ်လို့ ဘောလုံးက ဆိုးရွားတဲ့အချိန်တွေကို ဖြတ်သန်းနေကြရတဲ့ လူတွေရဲ့အာရုံကို လွှဲပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့က ပိုပြီးပျော်မိမှာပါ "ဆိုပြီး လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။

Source : Aung Kaung Mann ' s Facebook Acc

Photo Credit : Aung Kaung Mann ' s Facebook Acc
Photo Credit : Aung Kaung Mann ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။