အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အနုပညာလောကမှာ အချိန်တော်ကြာရပ်တည်ထားနိုင်ပြီး သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ အသံပါဝါကောင်းကောင်းနဲ့ သီဆိုတတ်သူလေးဖြစ်ပြီး သူမရဲ့ သီချင်းလေးတွေဟာ ယနေ့အချိန်ထိ နားထောင်လို့ ကောင်းနေဆဲဖြစ်ပါတယ်။ သူမတူတဲ့ ဖက်ရှင်ဆန်းလေးတွေကိုဝတ်ဆင်တတ်တဲ့ သူမကတော့ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

photo credit: - Phyuphyukyawthein's facebook page
photo credit: - Phyuphyukyawthein's facebook page

သူမကတော့ ယခုမှာ ကိုယ့်အားနည်းချက်လေးတွေကို အကောင်းမြင်မှုလေးတွေနဲ့တွဲရေးကြည့်ကြဖို့ ပရိသတ်အားလုံးကို challenge လုပ်လိုက်ပါတယ်။သူမကတော့ " ဒီပုံထဲမှာတွေ့ရတဲ့ဖြူဖြူ့ရဲ့အားနည်းချက်လေးတွေချရေးပြကြည့်မယ်နော်နဖူးလေးကျယ်တယ်ဒါမယ့်မွေးမွေးပေးဖို့ချဲ့ထားတာမလို့အားကျသင့်ပါတယ် မျက်ကွင်းလေးတွေညိုတယ်ဒါမယ့်ပန်ဒါလေးလိုချစ်ဖို့ကောင်းတာမို့ခွင့်လွှတ်သင့်ပါတယ်မျက်ခုံးနှစ်ခုကြားအတွန့်လေးရှိတယ်ဒါမယ့်စဉ်းစားတွေးခေါ်မြော်မြင်တတ်တဲ့မိန်းကလေးတွေမှာဖြစ်တတ်တာမို့တန်ဖိုးထားသင့်ပါတယ်ဝက်ခြံလေးတွေထွက်နေတယ် "ဆိုပြီးရေးသားထားပါတယ်။

photo credit: - Phyuphyukyawthein's facebook page
photo credit: - Phyuphyukyawthein's facebook page
photo credit: - Phyuphyukyawthein's facebook page

သူမကတော့ " ဒါမယ့်ကြားဖူးတာတစ်ခုရှိတယ်ဝက်ခြံဆိုတာအပျိုလေးတွေမှာထွက်တတ်တယ်တဲ့ပါးဖောင်းလွန်းတယ်ဒါမယ့်ခဏခဏမွေးမွေးပေးခံရရင်(ဓာတ်ပုံကိုပဲဖြစ်ဖြစ် ပေါ့ညော်)အာ့လိုဖဲဖြစ်တတ်တာမို့နားလည်ပေးသင့်ပါတယ်   လက်မှာပတ်တီးလေးစည်းထားရတယ်ဒါမယ့်မောင့်အတွက်မုန့်မုန့်တွေစမ်းလုပ်ရင်းဖြစ်ရတာမို့ဂုဏ်ယူမိပါတယ်အသားလေးညိုတယ်ဒါမယ့်ကိုကိုချစ်တဲ့အရောင်လေးမို့အားနည်းချက်လို့လုံးဝမထင်မိပါဝူးကွယ်အော်...အရေးကြီးတာလေးကျန်ခဲ့တော့မလို့မျက်လုံးလေးတွေချိုင့်နေတယ်ဒါလင်ပြန်လာမယ့်ရက်ကိုစောင့်စားရင်းလွမ်းပြီးအိပ်မရလို့ပါကွယ်ကဲကဲ...ချစ်တို့ကိုလည်းကိုယ့်အားနည်းချက်လေးတွေကိုခုလိုအကောင်းမြင်မှုလေးတွေနဲ့တွဲရေးကြည့်ကြဖို့ဖြူဖြူက challenge လုပ်လိုက်ပါတယ် "ဆိုပြီးရေးသားထားပါတယ်။

Source - Phyuphyukyawthein's facebook page 

photo credit: - Phyuphyukyawthein's facebook page
photo credit: - Phyuphyukyawthein's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။