ဘဝမှာ မယုံနိုင်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေ အနည်းနှင့်အများကြုံတွေ့ရမယ်ဆိုတာမှန်ပေမယ့်လဲ ကိုယ့်အဖိုးကို ပြန်လက်ထပ်မိတဲ့ သူမ အဖို့မှာတော့....

အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ကောင်မလေးဟာ ချမ်းသာတဲ့ အသက် ၈ဝကျော်အဖိုးကြီး ကို လက်ထပ်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ ကမ်းခြေက ဘားတစ်ခု မှာ တွေ့ခဲ့ပြီး ကောင်မလေးက အဖိုးကြီးကို စပြီး ချစ်ရေးဆိုကာ သူတို့ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ကောင်မလေးဟာ တစ်နေ့ကျတော့ အဖိုးကြီးရဲ့ ဓာတ်ပုံ အဟောင်းတွေကို ထုတ်ကြည့်ရင်းကနေ သူမ အဖေပုံကိုတွေ့ခဲ့တာဖြစ်ပါတယ်။ သူမယောက်ျားကိုမေးကြည့်လိုက်တဲ့အခါမှာတော့

သူ့ရဲ့သားဖြစ်ပြီး ပထမ အိမ်ထောင်နှင့်ရခဲ့ကြောင်းပြောတဲ့ အခါမှာတော့ ကောင်မလေးက တော်တေယ်ကို လန့်သွားခဲ့တာပါ။ သူမဟာ အထက်တန်းကျောင်းတက်တုန်းက ဗိုက်ကြီးခဲ့တဲ့အတွက် သူမကို အဖေက စိတ်ဆိုးပြီး အိမ်ပေါ်က နှင်ချခဲ့တာဖြစ်ပြီး အဆက်အသွယ် မရတာတော်တော်ကြာနေပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ မြင်မြင်ခြင်း ချစ်ခဲ့တဲ့ သူတို့ နှစ်ယောက်ဟာ အဲ့တာကြောင့် တွေ့ ကတည်းက ရင်းနှီ သလို ခံစားနေရတယ်လို့ ဝန်ခံခဲ့ကြတာဖြစ်ပါတယ်။

မသိဘဲ နှင့် လက်ထပ်ခဲ့ပြီး မှ အဖိုးအရင်း နှင့် မြေးတွေဖြစ်နေတဲ့ အတွက် အဖိုးကြီးကတော့ နောက်ဆို လက်မထပ်ခင် ဒီအမ်အေ စစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အခုခေတ်မှာ အချို့သောမိန်းကလေးတွေ က ဖြတ်ထိုး နည်းနှင့် ချမ်းသာချင်ကြတဲ့ အတွက် ချမ်းသာတဲ့ အဖိုးကြီးတွေကို လက်ထပ်ကြပါတယ်။ အဖိုးကြီးတွေကလဲ နွားအို မြတ်နုကြိုက်ဆိုသလို အသက်ငယ်လေ ကြိုက်လေပါဘဲ။ ဒီလိုမျိုးကိစ္စတွေဟာ အပေးအယူတည့်နေသ၍ ပြသနာ မဟုတ်တဲ့ အတွက် အပြစ်ပြောစရာမလိုပါ။ ဒါပေမယ့် မယူခင်တော့ အရင်စစ်ကြပေါ့နော်။

translated by Anna

Source: cosmopolitician

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။