မင်းသားချောလေးမြင့်မြတ်ကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။နေရာစုံမှာ ပါဝင်သရုပ်ဆောင်နိုင်ပြီး ကျရာဇာတ်ရုပ်တွေမှာ အပီပြင်ဆုံးပါဝင်သရုပ်ဆောင်နေခဲ့တဲ့ မြင့်မြတ်ကတော့ စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ 

Photo Credit : Myat Wai Tun' s Facebook Acc
Photo Credit : Myat Wai Tun' s Facebook Acc

အနေအထိုင် အပြောအဆိုအေးဆေးပြီး ပရိသတ်တွေကိုလည်း အမြဲဖော်ရွေကာ လူတိုင်းကိုအပြုံးလေးတွေနဲ့ ​ဆက်ဆံတတ်တဲ့ မြင့်မြတ်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။မြင့်မြတ်ကတော့ အေးချမ်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ကာ မြင့်မြတ်ရဲ့ သားလေးမြတ်သူကတော့ ပရိသတ်တွေ ချစ်ခင်ရသူလေးပဲဖြစ်ပါတယ်။ 

Photo Credit : Myat Wai Tun' s Facebook Acc
Photo Credit : Myat Wai Tun' s Facebook Acc

ယခုမှာတော့ မြင့်မြတ်ရဲ့ သားလေးမြတ်သူလေးဟာ ချစ်စရာ​အပြုံးလေးတွေ ပါးပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေ​နဲ့ ချစ်စရာကောင်းလွန်းနေခဲ့ပါတယ်။ မြတ်သူလေးကို ပရိသတ်တွေက ချစ်စနိုးနဲ့ ဂျုနီယာမြင့်မြတ်လေးလို့ခေါ်နေကြပြီး အဆိုပါပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးမြင့်မြတ်သားလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Myat Wai Tun' s Facebook Acc

Photo Credit : Myat Wai Tun' s Facebook Acc
Photo Credit : Myat Wai Tun' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။