အနုပညာလောကမှာနာမည်တစ်လုံးကို စတင်ရရှိနေပြီဖြစ်တဲ့ မင်းသမီးချောလေးခင်သဇင်ကတော့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပြည်သူချစ်အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc

သွယ်လျလှပတဲ့ အမိုက်စားBodyလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ကြွေလောက်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေအချစ်ပိုရတဲ့သူမကတော့ ယခုမှာ ကရင်ပြည်နယ်မှာရှိတဲ့အဘိုးအဘွားရိပ်သာကို  သွားရောက်လှူဒါန်းရင်း မျက်ရည်ဝဲနေတဲ့ အဘိုးအဘွားကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ 

Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc

သူမကတော့ " ကရင်ပြည်နယ်မှာရှိတဲ့အဘိုးအဘွားရိပ်သာကို ဒီနေ့ ငွေကြေး နဲ့အသီးအနှံတွေ သွားရောက်လှူဒါန်းခဲ့ပါတယ် သူတို့လည်း မျက်ရည်လေးတွေဝဲ ကိုယ်လည်း မျက်ရည်တွေဝဲ ... "ဆိုပြီး ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးခင်သဇင်ရဲ့ ကရင်ပြည်နယ်မှာရှိတဲ့အဘိုးအဘွားရိပ်သာကို  သွားရောက်လှူဒါန်းခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Khin Thazin ' s Facebook Acc 

Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။