မြန်မာနိုင်ငံရဲ့အောင်မြင်နေတဲ့ အဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ အဆိုတော်Rဇာနည်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ Rဇာနည်ကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ မကြာခင်ကမွေးဖွားထားတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc

Rဇာနည်ကတော့ ယခုမှာ မကြာခင်ရက်ပိုင်းက လူ့လောကကြီးထဲကိုရောက်ရှိလာတဲ့ ချစ်စရာသမီးလေးကို အပြည့်အဝအချိန်ပေးနေကာ ဇနီးသည်ဖြစ်သူဝမ်းကိုလည်း ဂရုစိုက်လျက်ရှိနေတာပဲဖြစ်ပါတယ်။ ယခုမှာတော့ Rဇာနည်တို့ဇနီးမောင်နှံဟာ ပြုံးပြုံးလေးအိပ်နေပြီး အရမ်းကိုချစ်စရာကောင်းတဲ့‌ မွေးကင်းစအရွယ်သမီးချောလေးကိုကြည့်ကာ ချစ်မဝဖြစ်နေခဲ့ကာ သူတို့မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ 

Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc

Rဇာနည်ကတော့ " Good Morning Everyoneဒီနေ့သမီးလေး အိမ်ပြန်ပါမယ် သမီးလေးမမွေးခင်ထဲကနေမွေးပြီးသည်ထိ အစစအရာရာလိုလေသေးမရှိအောင်စိတ်ရင်းစေတနာမှန်ဖြင့်ကျွန်တော်တို့မိသားစုအပေါ်ချစ်ခင်တဲ့စိတ်နဲ့ကူညီပေးကြသော မမေသူ Dr May Thu Myo Nyunt,Pros: Mya Mya Ohn ဖွားဖွားအုန်း, Dr Thet Thet Mar နှင့် Grand Hantha International Hospital မှ Dr Khaing Suu Aung , Dr Yi Mon Soe နှင့် GH မှတာဝန်ကျ Doctor များနှင့် ဆရာဆရာမများ Online မှတဆင့် မေတ္တာပေးချစ်ခင်ပေးကြသော အယောက်စီတိုင်းနှင့် သူငယ်ချင်းမိတ်ဆွေများ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ အားလုံးပဲ စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ "ဆိုပြီး လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။ 

Source  : Zarni Myonyunt ' s Facebook Acc

Photo Credit : Zarni Myonyunt ' s Facebook Acc
Photo Credit : Zarni Myonyunt ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။