ဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ စိုးမြတ်နန္ဒာကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ပီပြင်လွန်းပြီး ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယာက်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

Photo Credit-Amazing Grace
Photo Credit-Amazing Grace

အနုပညာအလုပ်တွေကို ငယ်စဥ်တည်းက လုပ်ကိုင်ခဲ့တဲ့ သူမကတော့ အနုပညာမျိူးရိုးရှိသူဖြစ်ပြီး စိုးမြတ်သူဇာ စိုးပြည့်သဇင် စန္ဒီမြင့်လွင်တို့ဟာလည်း အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်ထားနိုင်ကာ ကိုယ်စီအောင်မြင်မှုတွေ စိုက်ထူထားနိုင်ခဲ့ပါတယ်။သူမကတော့   ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ညီအစ်မဖြစ်သူတွေကြတဲ့ စိုးမြတ်သူဇာ စိုးပြည့်သဇင် စန္ဒီမြင့်လွင်တို့နဲ့ ပိုးထည်တိုက်ကို ဖွင့်လှစ်ထားပြီး ယခုမှာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit-Amazing Grace
Photo Credit-Amazing Grace

သူမကတော့ ယခုမှာ အသားအရည်စိုပြေပြီး အပြစ်ပြောစရာမရှိလောက်အောင် နုပျိုလှပနေခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ် ။ သူမကတော့ " ဆံပင်တွေအရှည်ကြီးဖြစ်အောင်ထားပြီးရင် "ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးစိုးမြတ်နန္ဒာရဲ့ နုပျိုလှပနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source: SOE MYAT NANDAR's FB Page

Photo Credit-Amazing Grace
Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။