သရုပ်ဆောင်ဘုန်းလျှံကတော့ တစ်ချိန်က ဇာတ်ကားပေါင်းများစွာမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ သရုပ်ဆောင်ဘုန်းလျှံကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ယောကျာ်းပီသတဲ့ အမိုက်စားBodyကိုလည်း ပိုင်ဆိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

Photo Credit : Bhone Hlan' sFacebook Acc
Photo Credit : Bhone Hlan' sFacebook Acc

သရုပ်ဆောင်ဘုန်းလျှံကတော့  သာသနာဘောင်လို့ ဝင်ရောက်ခဲ့တာပဲဖြစ်ပြီး ယခုမှာတော့ လူထွက်လာပြီဖြစ်ပါတယ်။ ယခုမှာ သရုပ်ဆောင်အလုပ်တွေကို ပြန်လည်လုပ်ကိုင်တော့မယ့် ဘုန်းလျှံကတော့ လူထွက်ပြီးပြီးချင်း ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့ပါတယ်။ ဘုန်းလျှံကတော့ " သာသနာဘောင်ကနေလူ့လောကဆီသို့....ဘုန်းကြီးလူထွက်..ဘုန်းလျှံ...တေဇောသာရမှသည်ဘုန်းလျှံအဖြစ်သို့ရောက်ရှိသကာလ. "ဆိုပြီရေးသားထားခဲ့ပါတယ်။ 

Photo Credit : Bhone Hlan' sFacebook Acc
Photo Credit : Bhone Hlan' sFacebook Acc
Photo Credit : Bhone Hlan' sFacebook Acc

သရုပ်ဆောင်ဘုန်းလျှံကတော့ " ဘုန်းကြီးဝတ်ကလူထွက်တဲ့နေ့မှာမန္တလေးကမမြိုင်တို့လှမ်းလှူတဲ့ဆွမ်းကပ်အလှူသာဓု..သာဓု..သာဓုပါမမြိုင်တို့မိသားစုရေ "ဆိုပြီး  သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်ဘုန်းလျှံရဲ့ သာသနာဘောင်ကနေ လူထွက်လာခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်ရူနိုင်ပါတယ်။ 

Source : Bhone Hlan' sFacebook Acc

Photo Credit : Bhone Hlan' sFacebook Acc
Photo Credit : Bhone Hlan' sFacebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။