ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်မှုးမက်ဆီကတော့ ဘောလုံးလောကရဲ့မှော်ဆရာအဖြစ်ပရိသတ်တွေက တင်စားထားကြပြီး ဘောလုံးစကေးအကျွမ်းကျင်ဆုံးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်ဦးချင်းဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ မက်ဆီကတော့ မိခင်ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဒ်ဆုပေါင်းများစွာအပြင် စပိန်လာလီဂါဆုဖလားတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အားကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ 

PHOTO CREDIT : LEO MESSI ' S IG ACC
PHOTO CREDIT : LEO MESSI ' S IG ACC

ကစားသမားဘဝကို ဘာစီလိုနာအသင်းနဲ့ စတင်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ကာနေ့အချိန်ထိ မိခင်ဘာစီလိုနာအသင်းမှာ ကစားနေတဲ့ မက်ဆီကတော့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ကိုလည်းရယူထားကာ အသင်းကိုဦးဆောင်လျက်ရှိနေပါတယ်။ Covid 19ရောဂါကြောင့် ဘောလုံးပြိုင်ပွဲတွေရပ်နားထားခဲ့ရတာပဲဖြစ်ပြီး ယခုမှာတော့ အ​ခြေအနေပြန်လည်ကောင်းမွန်လာကြပြီဖြစ်တာကြောင့် ဘောလုံးပြိုင်ပွဲတွေစတင်ဖို့အတွက် ဆွေးနွေးလျက်ရှိနေကြပါတယ်။ 

PHOTO CREDIT : LEO MESSI ' S IG ACC
PHOTO CREDIT : LEO MESSI ' S IG ACC

ကစားသမားတွေကိုယ်စီက မိခင်နိုင်ငံတွေဆီကနေ အသင်းနဲ့ ပြန်လည်ပူးပေါင်းနေကြကာ ဘွန်ဒက်လီဂါပြိုင်ပွဲတွေကတော့ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ယခုမှာတော့ မက်ဆီတစ်ယောက် ဘောလုံးပွဲတွေပြန်လည်ကစားဖို့အတွက် ကြံခိုင်မှုအားကောင်းအောင် တစ်ဦးတည်းလေ့ကျင့်ခန်းတွေပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။ ဘောလုံးဝါသနာရှင်ပရိသတ်တွေအတွက် မက်ဆီရဲ့ တစ်ယောက်တည်းလေ့ကျင့်ခန်းဆင်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

SOURCE  : LEO MESSI ' S IG ACC

PHOTO CREDIT : LEO MESSI ' S IG ACC
PHOTO CREDIT : LEO MESSI ' S IG ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။