အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်ထားနိုင်တဲ့ မင်းသမီးချောလေးခင်ဇာခြည်ကျော်ကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ပြီး ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူလေးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိ ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူလေးဖြစ်ပြီး အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit: khin zarchi kyaw ' s Facebook Acc
photo credit: khin zarchi kyaw ' s Facebook Acc

ယခုမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေကိုရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီလေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူမရဲ့သားလေးဖြစ်တဲ့ ဘုန်းမင်းနေလကတော့ အနုပညာလောကမှာ အောင်မြင်နေသူဖြစ်ပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေရာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။  

photo credit: khin zarchi kyaw ' s Facebook Acc
photo credit: khin zarchi kyaw ' s Facebook Acc
photo credit: khin zarchi kyaw ' s Facebook Acc

သူမကတော့ ယခုမှာ သိတတ်လိမ္မာပြီး အလိုက်သိတဲ့ သားနဲ့ သမီးရဲ့ငယ်ဘဝပုံရိပ်လေးတွေကို အမှတ်တရအနေနဲ့ သိမ်းထားခဲ့ပါတယ်။ သူမကတော့ " သားနဲ့သမီး ငယ်ငယ် က ပုံလေး တွေ အမှတ်တရ သိမ်းထားချင်လို့ "ဆိုပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာ အဆိုပါပုံရိပ်လေးတွေနဲ့အတူရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော် သားနဲ့ သမီးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

source : khin zarchi kyaw ' s Facebook Acc

photo credit: khin zarchi kyaw ' s Facebook Acc
photo credit: khin zarchi kyaw ' s Facebook Acc
photo credit: khin zarchi kyaw ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။