Photo credit - Liquipedia

North America region က dota 2 team တစ်ခုဖြစ်တဲ့ business associates ကတော့ လက်ရှိအချိန်မှာ အခက်အခဲတွေများစွာရှိနေပါတယ်။

Business associates အနေနဲ့ သိပ်မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ့် ESL One Birmingham 2020 ကို NA region ကနေ ယှဥ်ပြိုင်ဖို့အတွက် player နှစ်ယောက်လိုအပ်နေပြီး coach ဖြစ်သူ DeMoN ကလည်း ​မနေ့ကမှ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

လက်ရှိ business associates မှာတော့ players တွေအနေနဲ့

Po 1- Moo

Po 3- Brax

Po 5- Fear

တို့သာရှိနေပြီး po 2 နဲ့ po 4 နေရာမှာကစားဖို့အတွက် players တွေလိုအပ်နေတာပဲ ဖြစ်ပါတယ်။

အသင်းရဲ့ captain ဖြစ်သူ Fear အနေနဲ့လည်း business associates ကို 2020 ခုနှစ်အစောပိုင်းကမှ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လပိုင်းလောက်အကြာမှာတင် အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

Source - vpesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။