Photo credit - Navi twitter

Natus Vincere dota 2 team ကတော့ အရှေ့ရက်တွေကထွက်ရှိခဲ့တဲ့ ကောလဟာလတွေအတိုင်း သူတို့ရဲ့ roster ကိုပြောင်းလဲမှုပြုလုပ်ခဲ့ပါပြီ။

အသင်းရဲ့ po 4 player ဖြစ်သလို captain လည်းဖြစ်သူ CemaTheSlayer ကိုအသင်းကနေ ထုတ်ပယ်ခဲ့ပြီး သူ့ရဲ့ နေရာမှာ so bad ကိုအစားထိုးခေါ်ယူခဲ့ပါတယ်။

Navi ရဲ့တာဝန်ရှိသူတစ်ဦးရဲ့ ကြေညာချက်ထဲမှာတော့ so bad ဟာ Vega Squadron မှာတုန်းက

heros draft ပိုင်းမှာရော၊ game အတွင်းက coordination ပိုင်းမှာရော ၊ leader ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကိုရော သက်သေပြပြီးပါပီ။

လာမယ့်အပတ်ကတော့ so bad ပါဝင်လာတဲ့ ငါတို့ roster အတွက် စမ်းသပ်ခံကာလ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Navi ရဲ့လက်ရှိ roster အပြည့်အစုံကတော့

Vladislav "Crystallize" Krystanek

Idan "MagicaL" Vardanian

Pavel "9pasha" Khvastunov

Vitaliy "so bad" Oshmankevich

Illias "Illias" Ganeev

တို့ပဲဖြစ်ပါတယ်။

Source - Navi twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။