ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ သန်းကြွယ်သူဌေး ရုရှားနိုင်ငံက လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ ထူးခြားဆန်းပြား အိမ်ကြီးအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ရုရှားနိုင်ငံမှာ လူဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်ခဲ့သူ နီကိုလယ် စွတ်ရာဂျင် ဆိုသူဟာ ထူးဆန်းသော အိမ်တစ်လုံးကို ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

၁၉၉၂ ခုနှစ်မှာ ၁၅နှစ်ကြာ စီမံကိန်းဖြင့် သူ့ရဲ့ အိမ်ကို စတင်လုပ်ဆောင်ခဲ့တာပါ။ သူရဲ့ အိမ်ဟာ ကြမ်းခင်း ၁၃ ခုပါဝင်ပြီး ၁၄၄ ပေမြင့်တာ ဖြစ်ပါတယ်။ နီကိုလယ်ဟာ သူနေထိုင်တဲ့ ဒေသမှာ အချမ်းသာဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း သက်သေပြဖို့ကို ဆောက်လုပ်ဖြစ်တာလို့ ပြောကြားခဲ့ပါတယ်။

photo credit pngtree

ထိုသစ်သားအိမ်ကြီးကို လာရောက်ကြည့်ရှုကြသူများဟာ များစွာဆွဲဆောင်မှုရှိတဲ့ အဆောက်အအုံတစ်ခုဖြစ်ကြောင်း လက်ခံကြတာ ဖြစ်ပါတယ်။ နီကိုလယ်ရဲ့ အိမ်ကြီးဟာ လူနေအိမ်တစ်ခုထက် လူနေထိုင်သော အခန်းကြီး "Cabin" တစ်ခုနှင့်ပိုပြီးတူနေတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။