ကမ္ဘာ့ပထမဆုံး ရေပေါ်မြို့တော်ကို ပစိဖိတ်သမုဒ္ဒရာအတွင်း တဟီတီကျွန်းအနီးမှာ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးမားတဲ့ စီမံကိန်းဖြစ်သဖြင့် လက်တွေ့ကျသော အတည်ပြုမှုများကို မျှော်လင့်ထားကြတာပါ။ လွတ်လပ်သော မြို့တော်တစ်ခုအဖြစ် အစိုးရနှင့် စိုက်ပျိုးရေးပညာရှင်များရဲ့ နိုင်ငံသစ်တစ်ခု ဖွံ့ဖြိုး တိုးတက်မှုအသွင် ဖော်ဆောင်မယ့် ရေပေါ်မြို့တော်ဟာ ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်လာရန် ယုံကြည်ထားကြတာပါ။

photo credit pngtree

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ရေပေါ်မြို့တော် ဆောက်လုပ်မှု စီမံကိန်းဟာ ဆင်းရဲသူများ ချမ်းသာရေး၊ မကျန်းမာသူများကို ကုသမှုပေးရေး၊ ငတ်မွတ်သူများကို ကျွေးမွေးရေး၊ လေထုကို သန့်စင်စေရေး၊ သမုဒ္ဒရာများကို ထိန်းသိမ်းရေး၊ သဘာ၀၀န်းကျင်နှင့် ချိန်ခွင်ညှာ ညီမျှရေး၊ ပြည့်ဖြိုးမြဲ စွမ်းအင်ကိုသုံးစွဲရေး၊ တိုက်ခိုက်မှုများရပ်တံ့ရေးဟူသော Eight Great Moral Imperatives ကို အကောင်အထည်ဖော်မယ့် ပထမအဆင့်လို့ ခံယူထားကြတာပါ။

photo credit pngtree

ရေပေါ် မြို့တော်ဟာ လွတ်လပ်သော လူမှု သိုက်အဝန်းတစ်ခုအဖြစ် ပင်လယ်ပြင်မှာ တည်ရှိနေပြီး နေထိုင်ကြသူများအား စာနာသောဖြေရှင်းမှုများဖြင့် အရေးကြီး ပြဿနာများကို ဖြေရှင်း ပေးနိုင်ရန် ကူညီပေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆင်းရဲ ငတ်မွတ်မှု တိုက်ဖျက်ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များဟာ ဦးစားပေး ဆောင်ရွက်မယ့် အစီအစဉ်များ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။