မင်းသမီးချောလေးရွှေကစ်ကတော့ လက်ရှိမှာ အောင်မြင်လျက်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုများစွာကို ဆွတ်ခူးထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းထူးချွန်တဲ့ သူမကတော့ အကယ်ဒမီဆုတွေကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်းအပြည့်အဝရယူထားနိုင်ခဲ့ပါတယ်။ 

photo credit : Jason Ya
photo credit : Jason Ya

ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး အနေအထိုင်အေးဆေးကာ ယဥ်ကျေးစွာပြောဆိုတတ်သူလေးပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ညှို့အားပြင်းတဲ့ ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိပြီး ကြည်လင်တဲ့ မျက်နှာပုံစံလေးနဲ့ အထာကျကျလေးလန်းနေခဲ့ကာ အဆိုပါအမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ 

photo credit : Jason Ya
photo credit : Jason Ya
photo credit : Jason Ya

သူမကတော့ " အိမ်မှာ လှလှလေး မနေရဘူးလို့ ဘယ်သူပြောလဲ . Stay home ,stay pretty ,stay healthy "ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ အလန်းစားပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ဆွဲဆောင်မှုရှိရှိလှပနေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဝတ်မှုံရွှေရည်ရဲ့ အမိုက်စားဖက်ရှင်လေးနဲ့ ကြွေလောက်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source - Wutt Hmone Shwe Yi Facebook Page

photo credit : Jason Ya
photo credit : Jason Ya

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။