ဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ မို့မို့မြင့်အောင်ကတော့ အချိန်အတော်ကြာအနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ယနေ့မေလ ၂၅ရက်နေ့ကတော့ သူမရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ 

photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page

သူမကတော့ မွေးနေ့လေးမှာ ချစ်ခင်ရတဲ့ အမာခံပရိသတ်တွေနဲ့အတူ ရယ်မောစရာတွေ ပျော်ရွှင်စရာတွေ​ပြောပြီး မွေးနေ့လေးကိုဖြတ်သန်းမယ့် အ​ကြောင်း ပြောလာခဲ့ပါတယ်။ သူမကတော့ " လေးစားချစ်ခင်တန်ဖိုးထားရပါသောချစ်ပရိသတ်ကြီးနှင့်WE LOVE MMMA သဲသဲတုံလေးတို့ ရှင့် ဒီနေ့မို့မွေးနေ့ကို မို့သဲသဲတုံလေးတွေမဆင်နွဲ လိုက်ရလို့တော်တော် အစာမကြေဖြစ်နေကြမှာဘဲနော်။ဘာဘဲဖြစ်ဖြစ်စိတ်ချင်းနီးစပ်နေဘို့အရေးကြီးတာပါ  " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page

သူမကတော့ " မို့ တစ်ဦးခြင်းစီရောက်လာမှာပါ ညနေ၅;၃၀ အရောက်လာပါမယ် ။LIVEဖွင့်မယ်နော်။ပျော်စရာလေးပြောကြတာပေါ့။စိတ်ညစ်သမျှတွေ စိတ်ချမ်းသာကြပါစေ " ဆိုပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝါရင့်မင်းသမီးမို့မို့မြင့်အောင်ရဲ့ မွေးနေ့ရက်မြတ်လေးမှာ ပျော်ရွှင်နေခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source  : Academy Moht Moht Myint Aung 's facebook page

photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။