အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အသံလည်းအရမ်းကောင်းသလို အိုင်တင်လည်းအရမ်းတော်တဲ့အနုပညာရှင်‌တစ်ယောက်ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့အနုပညာသက်တမ်းက နှစ်ပေါင်းမနည်းကြာမြင့်နေပြီဖြစ်လို့ သူမကိုအား‌ပေးကြတဲ့ပရိသတ်တွေကလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။သူမရဲ့အမာခံပရိသတ်တွေကတော့ သူမကို မခိုင်ကြီးလို့ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်နော်။

Photo Credit:Htun Eaindra Bo's Facebook page/Okkar Photography
Photo Credit:Htun Eaindra Bo's Facebook page

ထွန်းအိန္ဒြာဗိုလ်ရဲ့သီချင်းဟောင်းလေးတွေကလည်း နှစ်တွေကြာညောင်းသွားပေမယ့် နားထောင်လို့ကောင်းနေဆဲဖြစ်ပြီး ပရိသတ်တွေကလည်းကြိုက်နှစ်သက်‌ကြပါတယ်နော်။မခိုင်ကြီးက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Htun Eaindra Bo's Facebook page
Photo Credit:Htun Eaindra Bo's Facebook page
Photo Credit:Htun Eaindra Bo's Facebook page

ထွန်းအိန္ဒြာဗိုလ်က ပရိသတ်တွေအတွက်လည်း သူမရဲ့လှုပ်ရှားပုံရိပ်လေးတွေကို မျှဝေနေကျဖြစ်ပြီး အခုတစ်ခါမှာလည်း Stay homeနေရတဲ့ ပရိသတ်ကြီးအပျင်းပြေအောင်လို့ တေးသံရှင်တင်ဇာမော်နဲ့ နှစ်ယောက်ပေါင်းပြီး သီချင်းဆိုပြမယ့်အစီအစဉ်လေးကိုဆွဲနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ထွန်းအိန္ဒြာဗိုလ်နဲ့တင်ဇာမော်တို့နှစ်ယောက်က သီချင်းတွေကိုအစမ်းလေ့ကျင့်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Htun Eaindra Bo's Facebook page
Photo Credit:Htun Eaindra Bo's Facebook page

Source&Photo Credit:Htun Eaindra Bo's Facebook page

Video Credit:Htun Eaindra Bo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။