မတ်မတ်နွယ်ဒါလီထွန်းလို့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် နွယ်ဒါလီထွန်းကိုသိကြမယ်ထင်ပါတယ်နော်။ ကိုးရီးယား မင်းသမီးတစ်ယောက်လို အသားအရေ ဖြူဝင်းချောမွတ်ကာ အပြုံးလေးတွေနဲ့ အမြဲဖမ်းစားနိုင်သူလေးဖြစ်ပါတယ်။ သဘောကောင်းသူဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကြောင့် ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။

Photo Credit : Htet Paing Ye
Photo Credit : Htet Paing Ye

နွယ်ဒါလီထွန်းဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်၊လတ်တလောမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ကိုရီးယားမင်းသမီးလေးလားထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့ အထာကျကျ အမိုက်စားအလှပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိလွန်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit : Htet Paing Ye
Photo Credit : Htet Paing Ye

ကြွေရုပ်လေးလား ထင်မှားလောက်တဲ့ သူမရဲ့ ချစ်စရာဟန်ပန်လေးတွေကြောင့် မိန်ကလေး အများစု အားကျနှစ်သက်နေတာလည်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း နွယ်ဒါလီထွန်းရဲ့ ဆွဲဆောင်မှုရှိရှိ စမတ်ကျကျလှနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။နွယ်ဒါလီထွန်းလည်း ဒီထက်မက အောင်မြင်မှုတွေ ရပါစေဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Htet Paing Ye
Photo Credit : Htet Paing Ye

Source : Nwe Darli Htun Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။