ကောင်မလေးတွေရဲ့ ရင်ကို လှုပ်ခတ်နေသူကတော့ ချစ်စဖွယ်အပြုံးမျက်နှာလေးနဲ့အမြဲနေတတ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ပဲ ဖြစ်ပါတယ်။ သူရဲ့ ဖော်ရွေပွင့်လင်း စွာနေတတ်တဲ့ပုံစံလေးကြောင့် ပရိသတ်အချစ်တော်ကို ခံယူရရှိနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account

တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်မှုရရှိလာတဲ့လင်းအောင်ခေတ်က ဇာတ်ကားတွေ ကြော်ငြာတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရပါတယ်။လင်းအောင်ခေတ်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ သူအရမ်းချစ်ရတဲ့ ခွေးလေးနဲ့ အမှတ်တရ ရိုက်ထားတဲ့  ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account

လင်းအောင်ခေတ်ကတော့ အခုတလောမှာ ပရိသတ်တွေ ရယ်မောပျော်ရွှင်ရအောင် ဟာသဗီဒီယိုလေးတွေ တင်ပေးလေ့ရှိရာ ရေပန်းစားလူကြိုက်များနေတာလည်းဖြစ်ပါတယ် ။ လင်းအောင်ခေတ်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် လင်းအောင်ခေတ်ရဲ့ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account

Source & Photo Credit : Lin Aung Khit Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။