တတ်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အချိန်တစ်ခဏအတွင်း ရယူထားနိုင်တဲ့ သဇင်ထူးမြင့်ကတော့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး အသားဖွေးဖွေးလေးနဲ့ အနေအထိုင်အေးဆေးပုံလေးတွေကြောင့် ပရိသတ်တွေချစ်ခင်ရတဲ့ သူမကတော့ အောင်မြင်နေတဲ့ တတ်သစ်စသရုပ်ဆောင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

PHOTO CREDIT : THAZIN HTOO MYAINT 'S FACEBOOK ACC
PHOTO CREDIT : THAZIN HTOO MYAINT 'S FACEBOOK ACC

သူမကတော့ အနုပညာမျိုးရိုးရှိသူဖြစ်ပြီး ဖခင်ဖြစ်သူခင်လှိုင်ဟာဆိုရင်လည်း အောင်မြင်နေတဲ့ စွယ်စုံရဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်ကာ အကိုဖြစ်သူနေရဲကလည်း နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့အထိ အောင်မြင်နေတဲ့ သူမကတော့ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေအတွက် ချစ်စရာအပြုံးလေးတွေနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်ကို တင်ပေးလေ့ရှိပါတယ်။

PHOTO CREDIT : THAZIN HTOO MYAINT 'S FACEBOOK ACC
PHOTO CREDIT : THAZIN HTOO MYAINT 'S FACEBOOK ACC

သူမကတော့ ယခုမှာ ရိုးသားဖြူစင်တဲ့ အပြုံးလေးတွေနဲ့ အသည်းယားလောက်အောင် ချစ်စရာကောင်းလွန်းနေခဲ့ပါတယ်။ သူမကတော့ သူမကတော့ " အချစ်တွေတင်မကShirtအင်္ကျီနဲ့Hoodie ပါ အပိုင်သိမ်းပါမယ် " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးသဇင်ထူးမြင့်ရဲ့ ​ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

SOURCE : THAZIN HTOO MYAINT 'S FACEBOOK ACC

PHOTO CREDIT : THAZIN HTOO MYAINT 'S FACEBOOK ACC
PHOTO CREDIT : THAZIN HTOO MYAINT 'S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။