မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကို ရရှိပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့အတူ အေးချမ်းတဲ့ မိသားစုလေးဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ 

photo credit : paing phyoe thu ' s facebook page
photo credit : paing phyoe thu ' s facebook page

ကြည်နူးစရာအချိန်တွေကို အတူတူဖြတ်သန်းနေပြီး သူမတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ဓာတ်ပုံမရိုက်တာကြာလို့ ဖုန်းကင်မရာရှေ့တောင်မနေတတ်တော့ဘဲ ရှက်ကိုးရှက် ကန်းတွေဖြစ်နေကာ ချစ်ခင်ပွန်းဏကြီးကိုယ်တိုင် ရိုက်ပေးတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ 

photo credit : paing phyoe thu ' s facebook page
photo credit : paing phyoe thu ' s facebook page

သူမကတော့ " အိမ်ထဲမှာပဲနေပြီးအလှမပြင်ဓါတ်ပုံမရိုက်တာ ဘယ်လောက်ကြာသွားလဲဆို...ဒီနေ့ဦးရေခဲကြီးခြံထဲမှာဓါတ်ပုံရိုက်ပေးတော့ ဖုန်းကင်မရာရှေ့တောင်မနေတတ်တော့ပါဘူးဆို..ရှက်ကိုးရှက်ကန်းတွေဖြစ်ပြီး...ခြေတွေလက်တွေဘယ်နားထားရမှန်းမသိတော့ဘူး " ဆိုပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးပိုင်ဖြိုးသုရဲ့ ချစ်ခင်ပွန်းဏကြီးကိုယ်တိုင်ရိုက်ပေးတဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Source : paing phyoe thu ' s facebook page 

photo credit : paing phyoe thu ' s facebook page
photo credit : paing phyoe thu ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။