Photo credit -Charlie twitter

လက်ရှိ Ninjas in Pyjamas Dota 2 team ရဲ့ carry player CharlieDota ရဲ့နာမည်အရင်းကတော့ Charlie Arat ဖြစ်ပြီး သူဟာ Sweden နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1997 ခုနှစ် 9 လပိုင်း 1 ရက်နေ့ဖြစ်တာကြောင့် Charlie ဟာ သိပ်မကြာခင်မှာ အသက် 23 နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။

Charlie dota 2 pro teams တွေမှာစတင်ကစားခဲ့တာကတော့ 2017 ခုနှစ် 9 လပိုင်းလောက်ကဖြစ်ပြီး Iceberg Esports မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2018 ခုနှစ် 1 လပိုင်း 8 ရက်နေ့မှာတော့ Charlie ဟာ Kingdra ကိုပြောင်းရွှေ့ခဲ့ပြီး 2018 ခုနှစ် 9 လပိုင်းမှာ ၎င်းအသင်းကထွက်ခွာပြီး WU TANG ကိုပြောင်းရွှေ့ခဲ့ပါတယ်။

WU TANG မှာတော့ Charlie ဟာ 2018 ခုနှစ် 11 လပိုင်း 1 ရက်နေ့ထိကစားပြီးနောက် ပြန်လည်ထွက်ခွာပြီး Kaipi ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Kaipi မှာတော့ Charlie ဟာ 2019 ခုနှစ် 9 လပိုင်း 28 ရက်နေ့ထိ ကစားခဲ့ပြီးနောက် GODSENT ကိုပြောင်းရွှေ့ခဲ့ပါတယ်။

GODSENT မှာတော့ Charlie ဟာနှစ်လလောက်သာကစားခဲ့ပြီး 2019 ခုနှစ်12 လပိုင်း 1 ရက်နေ့မှာပြန်လည်ထွက်ခွာခဲ့ပါတယ်။

2020 ခုနှစ် 1 လပိုင်း 13 ရက်နေ့မှာတော့ Charlie ဟာ အသစ်ဖွဲ့စည်းထားတဲ့ Chicken Fighters ကိုပြောင်းရွှေ့လာခဲ့ပြီး 2020 ခုနှစ် 4 လပိုင်း 22 ရက်နေ့မှာ Ninjas In Pyjamas Dota 2 team ဟာ Chicken Fighters က players တွေအားလုံးကိုခေါ်ယူခဲ့တာကြောင့် အဲ့အချိန်ကစပြီး Charlie ဟာ Ninjas in Pyjams နာမည်အောက်မှာပဲ ဒီကနေ့ထိ ကစားနေဆဲပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။