ပရိသတ်ကြီးရေ မင်းသားချောပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သားသမီးသုံးယောက်နဲ့အတူ အေးချမ်းတဲ့မိသားစုကမ္ဘာလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ဇင်သဲနိုင်ကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသပြီး ကလေးသုံးယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုနေတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါ။

Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account

ဒီနေ့လေးဟာဆိုရင်တော့ ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ (၁၅)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးလည်းဖြစ်သလို ပိုင်ဇေရဲထွန်းရဲ့(၄၃)နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ချစ်ဇနီး‌ချောလေး ဇင်သဲနိုင်ကတော့"မွေးနေ့ရှင် ဆွမ်းတော်ကပ် ဘုရားရှိခိုးရန် ချက်ပြုတ် ပြင်ဆင်ပေးပီး အကောင်းဆုံးသောမွေးနေ့လက်ဆောင်ဟုမှတ်ယူပါ ချစ်ယောင်္ကျား"ဆိုပြီး တန်ဖိုးအရှိဆုံးမွေးနေ့လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။

Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Paing Zay Ye Tun's Facebook Account

"Happy Anniversary ပါမိန်းမ​ရေ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အနားမှာအော်လိုက်ဆူလိုက် ပျောက်နေရင်လိုက်ရှာကြလိုက်နဲ့ ၁၅နှစ်တိုင်ခဲ့​လေပြီ နောက်နှစ်ပေါင်းများစွာထိ ​ပေါက်စိ​လေး ၃ ​ယောက်နဲ့အတူ​ပျော်ရွင်မှုများစွာဖြင့်ခရီးဆက်ကြရအောင်"ဆိုပြီးတော့လည်း ပိုင်ဇေရဲထွန်းက ရေးသားကာ အမှတ်တရပုံလေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Paing Zay Ye Tun's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

Source&Photo Credit:Paing Zay Ye Tun&Zin Thae Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။