ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "North Yungas Road" မြောက်ပိုင်း ယွန်းဂါ့စ်လမ်း လို့ အမည်ရတဲ့ သေမင်း တမန်လမ်းအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ဘိုလီဗီးရားနိုင်ငံမှ မြောက်ပိုင်း ယွန်းဂါ့စ်လမ်းဟာ အလွန် အန္တရာယ် ကြီးမားမှုကြောင့် အင်တာအမေရိကန်ဘဏ်က ကမ္ဘာ့အန္တရာယ်အကြီးဆုံးလမ်းလို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုလမ်းတစ်လျောက် တစ်နှစ်လျှင် ခရီးသွား ၂၀၀ မှ ၃၀၀ အထိ သေဆုံးကြတယ်လို့ ခန့်မှန်းထားတာပါ။ ယာဉ်များ ချောက်အတွင်းသို့ ပြုတ်ကျသော နေရာဖြစ်တဲ့ လမ်းအကွေ့များမှာ သတိပေး အမှတ်အသားများ စိုက်ထူထားတာပါ။ ယေဘုယျအားဖြင့် ကားများ တစ်စီး နှင့် တစ်စီး ကျော်တက်ကြရာမှ လျှိုများအတွင်းသို ဒလိမ့်ကောက်ကွေး ကျသွားလေ့ ရှိပါတယ်။

photo credit pngtree

ပြည်တွင်း ပြည်ပ ခရီးသည်များဟာ အသက်အန္တရာယ်အလွန်ကြီးမားတဲ့ ထိုလမ်းများကို အကြောင်း အမျိုးမျိုးကြောင့် နေ့စဉ် ဖြတ်သန်းနေကြရတာပါ။ အန္တရာယ်လမ်းတွေကို မဖြစ်မနေ အသုံးပြုနေကြရ သူများရှိသကဲ့သို့ အန္တရာယ်လမ်းများမှာ သက်စွန့်ဆံဖျား သွားရောက်လို ကြသူများကလည်း ထိုလမ်းများသို့ စွန့်စွန့်စားစား သွားရောက် နေကြစမြဲ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။