ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှား တီထွင်ခဲ့ကြတဲ့ ရှေးဟောင်းနည်းပညာတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ငလျင်တိုင်းတဲ့ ကိရိယာအကြောင်းကို ရွေးချယ်ဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

လွန်ခဲ့တဲ့ နှစ်၂၀၀၀ ခန့်က ကမ္ဘာ့ ပထမဆုံး ငလျင် တိုင်းသော နည်းပညာကို တရုတ် လူမျိုး "Zhang Chang Heng" က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သံလိုက် အိမ်မြောင်တပ်ထားတဲ့ ကြေးအိုးကြီးမှာ နဂါး ၈ ကောင်နှင့် ဖား ၈ ကောင် တည်ရှိနေတာ ဖြစ်ပါတယ်။ ထိုအရုပ်တွေက မိုးလေဝသနဲ့ ပတ်သက်ပြီး ဘယ်လိုခန့်မှန်းပေးသလဲဆိုတာကို ဆက်လက်ပြောပြပေးသွားပါ့မယ်။

photo credit pngtree

နဂါး နှင့် ဖားရုပ်ထု ပါးစပ် အရှည်လိုက် မြှောင်းထဲမှာ ကြေးဝါဘောလေးများ ထည့်သွင်း ထားတာ ဖြစ်ပါတယ်။ ငလျင် လှုပ်ခတ်ပါက ဖားပါးစပ် အထဲမှ အရှည်လိုက် အံဝှက် အတွင်းရှိ ကြေးဝါ ဘောလေး စတင်လှုပ်ခတ်ကာ ငလျင်လှုပ်ရာ အရပ်မျက်နှာကို ညွှန်ပြပေးတာ ဖြစ်ပါတယ်။ ထိုနည်းပညာဟာ အဲ့ခေတ်အခါတုန်းက ပြိုင်စံရှား မိုးလေဝသ ခန့်မှန်းပညာရပ် တစ်ခု ဖြစ်ပါတော့တယ်။

source Once A Glance Page

photo credit pngtree

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။