ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ ညီအမနှစ်ယောက်ကတော့ အနုပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့ပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ သူမတို့ ညီအမနှစ်ယောက်ကတော့ အနုပညာမျိုးရိုးရှိသူတွေဖြစ်ကြပြီး အကိုဖြစ်သူဒါရိုက်တာမိုက်တီး ဖခင်ဖြစ်သူတို့ဟာလည်း အောင်မြင်ခဲ့တဲ့ ဒါရိုက်တာတွေပဲဖြစ်ကြပါတယ်။

photo credit : lin zarni zaw ' s facebook acc
photo credit : lin zarni zaw ' s facebook acc
photo credit : lin zarni zaw ' s facebook acc

ပရိသတ်တွေရဲ့ အချစ်ကိုရယူထားနိုင်တဲ့ လင်းဇာနည်ဇော်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးဖြစ်တဲ့ မြူလင်းကိုကို ကိုပိုင်ဆိုင်ထားကာ သမီးလေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ အချိန်တွေကို အတူတူဖြတ်သန်းနေခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာတော့ လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ညီအမနှစ်ယောက်ဟာ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာက အနုပညာရှင်အဖိုးအဖွားတွေကို စားသောက်ဖွယ်ရာတွေလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ 

photo credit : lin zarni zaw ' s facebook acc
photo credit : lin zarni zaw ' s facebook acc
photo credit : lin zarni zaw ' s facebook acc

သူမကတော့ " အားတဲ့ရက်လေးအပြေး..အလှုသေးသေးလေး' အနုပညာဆည်းဆာရိပ်' ဘိုးဘွားရိပ်သာ "ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီမနှစ်ယောက်ရဲ့ အနုပညာရှင်အဖိုးအဖွားတွေကို အလှူအတန်းတွေပြလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source  : lin zarni zaw ' s facebook acc

photo credit : lin zarni zaw ' s facebook acc
photo credit : lin zarni zaw ' s facebook acc
photo credit : lin zarni zaw ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။