အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ အဆိုတော်အောင်လနဲ့ အဆိုတော်ဝိုင်းစုခိုင်သိမ်းတို့ ချစ်သူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့စုံတွဲလေးပါနော်။ဝိုင်းစုတို့နှစ်ယောက်လုံးက ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ကြတဲ့ အဆိုတော်တွေဖြစ်လို့ တေးသီချင်းလောကမှာ အောင်မြင်နေကြတာဖြစ်ပါတယ်။ဝိုင်းစုဆိုလည်း ဆုတွေမကြာခဏရရှိနေတဲ့ အမျိုးသမီးတေးသံရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account

အောင်လနဲ့ဝိုင်းစုတို့နှစ်ယောက်က သီချင်းတွေလည်း အတူတူဖန်တီးကြပြီး အေးအတူပူအမျှနဲ့လက်တွဲနေကြကာ စိတ်တူကိုယ်တူရှိကြပါတယ်နော်။အောင်လက ချစ်သူလေးအပေါ်မှာ ဂရုစိုက်ကြင်နာပေးပြီး စိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။ဝိုင်းစုတို့ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်တွေကလည်း စောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account

ဝိုင်းစုနဲ့အောင်လတို့ချစ်သူနှစ်ယောက်က ဘယ်အရာမဆို တက်ညီလက်ညီလုပ်ကိုင်ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ အောင်လတို့နှစ်ယောက်က ဒန်ပေါက်ချက်ဖို့အတွက်ပြင်ဆင်နေကြတာဖြစ်ပါတယ်။အောင်လကတော့"မနက်ဖြန်ဒန်ပေါက်ချက်ပြီး ရက်ကွက်ထဲလိုက်ပို့ဖို့ ဒီညကြက်သားနှပ်။သူငယ်ချင်းတွေ အတွက် တော့ နောက်တစ်ခေါက်မှ ပို့ပေးပါမယ် ။ အခုက ပူတော့ နည်းနည်း ပဲချက်နိုင်တယ် ...Ps:ကိုယ်တိုင်လုပ် မဆလာဖြင့် ချက်သည် "ဆိုပြီး ချစ်သူနှစ်ယောက် တင်ညီလက်ညီလုပ်ကိုင်နေကြတဲ့ပုံလေးကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account
Photo Credit:Reodineius Aung La's Facebook Account

Source&Photo Credit:Reodineius Aung La's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။