ပရိသတ်တွေရဲ့ အချစ်တော်မင်းသားချောလေး အောင်ရေချမ်းကတော့ MRTV-4 ရုပ်သံဇာတ်ကားတွေမှာ ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲအခိုင်အမာနေရာယူထားပြီး အောင်မြင်တဲ့အနုပညာရှင်အဖြစ်လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်..။

ဇာတ်လမ်းတွဲတော်တော်များများ ရိုက်ကူးထားပြီး ကျရာကာရိုက်တာတွေကို အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့စိတ်ဝိညာဉ်တွေကို ဖမ်းစားထားနိုင်ခဲ့တဲ့ အောင်ရေချမ်းဟာ ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့ သူရဲ့ပင်ကိုယ်ဟန်ပန်တွေကြောင့်လည်း ပရိသတ်တွေက သဘောကျနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Aung Yay Chan's FB Account
Photo Credit - Aung Yay Chan's FB Account

မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားတဲ့ အောင်ရေချမ်းကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း မေမွှေးရဲ့ မွေးနေ့လေးကို သွားရောက်ဂုဏ်ပြုခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။

ဆရာဖြစ်သူ မေမွှေးရဲ့ မွေးနေ့လေးမှာ မွေးနေ့ကိတ်၊ ပန်းစည်းတို့နဲ့အတူ ကိုယ်တိုင်သွားရောက် ဂုဏ်ပြုပေးခဲ့တာဖြစ်ပြီး ဆရာဖြစ်သူက်ုသိတတ် ရိုသေတတ်တဲ့ သူ့ရဲ့စိတ်ထားလေးနဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

Photo Credit - Aung Yay Chan's FB Account
Photo Credit - Aung Yay Chan's FB Account

"Happy Birthday မေမွှေး

ကျွန်တော်တို့ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ မေမွှေးကို မွေးနေ့ဂါရဝသွားပြု.." ဆိုပြီး အမှတ်တရဓာတ်ပုံလေးကို မျှဝေရင်း ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဆရာဖြစ်သူကို သိတတ်ရိုသေမှုလေးတွေနဲ့အတူ မမေ့မလျော့ သွားရောက်ဂုဏ်ပြုပေးခဲ့တဲ့ အောင်ရေချမ်းနဲ့ မွေးနေ့ရှင်မေမွှေးတို့ ဆရာတပည့်နှစ်ယောက်ရဲ့ ပျော်စရာအမှတ်တရပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်တာမို့ ပရိသတ်တွေလည်း နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Aung Yay Chan's FB Account
Photo Credit - Aung Yay Chan's FB Account

Source & Photo Credit - Aung Yay Chan's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။