အောင်မြင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေးရွှေကစ်ကတော့ ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိပြီး ပီပြင်တဲ့ ဇာတ်ရုပ်တွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုမိုရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ သူမကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ 

photo credit : Wutt Hmone Shwe Yi Facebook Page
photo credit : Wutt Hmone Shwe Yi Facebook Page

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ယခုမှာ ပွဲတွေကို တတ်ရောက်လျက်ရှိနေသလို ကြော်ငြာတွေ  ၊ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူလေးပဲဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနေထိုင်တတ်ပြီး အေးချမ်းတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိနေသလို ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေတဲ့ ပရိသတ်အချစ်တော်လေးပဲဖြစ်ပါတယ်။

photo credit : Wutt Hmone Shwe Yi Facebook Page
photo credit : Wutt Hmone Shwe Yi Facebook Page

သူမကတော့ ယခုမှာ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ အထာကျကျလေးလန်းနေပြီး ဆယ်ကျော်သက်လေးတစ်ယောက်လို ချစ်စရာကောင်းနေခဲ့ပါတယ်။ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေဟာ အားပေးတဲ့ ပရိသတ်တွေကို အကြွေ​ကြီး ကြွေစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးရွှေကစ်ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source - Wutt Hmone Shwe Yi Facebook Page

photo credit : Wutt Hmone Shwe Yi Facebook Page
photo credit : Wutt Hmone Shwe Yi Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။