ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးနန္ဒာလှိုင်ရဲ့ မောင်ချောလေးဖြစ်တဲ့ စိန်ဖြိုးလှိုင်ကတော့ မောင်ဆိုတဲ့ နာမည်လေးနဲ့ တစ်ခေတ်တစ်ခါမှာ အနုပညာအလုပ်‌တွေကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ သူ့ကို အနုပညာအလုပ်တွေလုပ်ကိုင်တာမတွေ့ရတော့ဘဲ ချစ်အစ်မတွေနဲ့အတူ စီးပွားရေးလေးကိုအောင်မြင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:Sein Phyo & Yi's Facebook page
Photo Credit:Sein Phyo & Yi's Facebook page
Photo Credit:Sein Phyo & Yi's Facebook page

မောင်က သရုပ်ဆောင်ရီရီပွင့်ဖြူနဲ့လည်း နှစ်ကိုယ်တူမေတ္တာမျှနေကြပြီး ချစ်သူနှစ်ယောက်က အေးအတူပူအမျှချစ်နေကြတာဖြစ်ပါတယ်။ရီရီပွင့်ဖြူဟာဆိုရင်လည်း ဗီဒီယိုခေတ်မှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေအများအပြားရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။မောင်တို့ချစ်သူနှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတာပါနော်။

Photo Credit:Sein Phyo & Yi's Facebook page
Photo Credit:Sein Phyo & Yi's Facebook page

အခုဆိုရင်တော့ မောင်နဲ့ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်က လှိုင်ဒူးရင်းခြံထဲကို ရောက်ရှိနေကြတာဖြစ်ပါတယ်။အနံ့အရသာနဲ့ပြည့်စုံပြီး အဆင်းလည်းလှတဲ့ ဒူးရင်းသီးကြီးတွေက မြင်ရသူအပေါင်းကို သွားရည်ကျစေမှာပါနော်။မောင်နဲ့ရီရီပွင့်ဖြူတို့ကလည်း ဒူးရင်းသီးခြံထဲမှာ ပျော်ပျော်ပါးပါးဓာတ်ပုံရိုက်ကြပြီး ချစ်ပရိသတ်ကြီးအတွက် သူတို့ပုံရိပ်လေးကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Sein Phyo & Yi's Facebook page
Photo Credit:Sein Phyo & Yi's Facebook page
Photo Credit:Sein Phyo & Yi's Facebook page

Source&Photo Credit:Sein Phyo & Yi's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။