အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်တဲ့ မင်းသမီးချောလေးမေမြင့်မိုရ်ကတော့ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေစတင်သိရှိလာခဲ့ကာ ယခုမှာတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့တဲ့ သူမကတော့ ယခုမှာ ပြည်သူချစ်အနုပညာရှင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေရတဲ့အထိ အောင်မြင်နေပြီဖြစ်ပါတယ်။ 

Photo credit - May Myint Mo's FB account
Photo credit - May Myint Mo's FB account

ရိုးရှင်းပြီး ကျက်သရေရှိတဲ့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချိုသာတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ယခုမှာ Tiktokဗီဒီယိုလေးတစ်ခုကို အမိုက်စားပုံစံလေးနဲ့ ခပ်လန်းလန်းလေးဆော့ပြထားတာကြောင့် ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားလျက်ရှိနေပါတယ်။ 

Photo credit - May Myint Mo's FB account
Photo credit - May Myint Mo's FB account

သူမကတော့ "ဟဲလို ဒေါက်ဒေါက်ဒေါက် Love You "ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အဆိုပါအမိုက်စား ဗီဒီယိုဖိုင်လေးနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးမေမြင့်မိုရ်ရဲ့ ပရိသတ်တွေကြားမှာ အတော်လေးလူကြိုက်များလျက်ရှိနေတဲ့ အဆိုပါအမိုက်စားTiktokဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source - May Myint Mo's FB  Page 

Photo credit - May Myint Mo's FB account
Photo credit - May Myint Mo's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။