ဝေဠုကျော်ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ မင်းသားချောဝေဠုကျော်ကတော့ စိတ်ထားအရမ်းပြည့်ဝတဲ့သူဖြစ်ပါတယ်နော်။အကူအညီလိုအပ်နေတဲ့ နေရာတွေကိုအရောက်သွားပြီး ကိုယ်ကျိုးမငဲ့ဘဲ အမြဲတမ်းကူညီပေးနေတဲ့ ဝေဠုကျော်ရဲ့စိတ်ကောင်းစေတနာကို ပရိသတ်တွေကအရမ်းလေးစားကြပြီးအမြဲအားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page

ဝေဠုကျော်က အနုပညာအလုပ်တွေလုပ်ကိုင်တာသိပ်မတွေ့ရတော့ဘဲ ပရဟိတအလုပ်ကိုသာ တစိုက်မက်မက်လုပ်ဆောင်နေတာပါနော်။ပရိသတ်တွေကတော့ ဝေဠုကျော်ရဲ့အနုပညာအရည်အသွေးတွေကိုလည်း ကြိုက်နှစ်သက်ကြလို့ ဗီဒီယိုခေတ်ကတည်းက သူ့ရဲ့ဗီဒီယိုဇာတ်ကားတွေအများအပြားကို အားပေးလာကြတာပါ။လတ်တလောမှာဆိုရင် Covid19ကာလအတွက် ဝေဠုကျော်တို့ဖောင်ဒေးရှင်းက တစ်တက်တစ်အားပါဝင်နေကြတာပါနော်။

Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page

ဝေဠုကျော်က စိတ်ရောကိုယ်ပါနှစ်ပြီး ပရဟိအလုပ်တွေလုပ်ဆောင်တာကြောင့် ကျန်းမာရေးကိုလည်းသိပ်ဂရုမစိုက်ဖြစ်ပါဘူးနော်။အခုဆိုရင်တော့"25-5-2020ဒီနေ့လည်း ဆေးလာကုသပေးတဲ့ စေတနာ့လုပ်အားရှင်ဒေါက်တာ ကိုရဲကျော်စွာ ကျေးဇူးပါ။သက်သာလာပါပြီ။အစားမှားပြီး food poison လို ဖြစ်တာပါ။"ဆိုပြီး အစာအဆိပ်သင့်လို့ ဆေးကုသမှုခံယူနေရပြီး အိပ်ရာထဲလှဲနေရတဲ့ ဝေဠုကျော်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Wai Lu Kyaw Foundation's Facebook page
Photo Credit:Wai Lu Kyaw Foundation's Facebook page

Source&Photo Credit:Wai Lu Kyaw Foundation's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။