ရွှေမင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာဖြစ်ပါတယ် ။ ဘိုမရုပ်လေးလို ချောမောလှပတဲ့မင်းသမီးလေးက ဖက်ရှင်ကျသူလေးတစ်ဦးလည်းဖြစ်ပြန်ပါတယ် ။ အချိုးအစားကျနတဲ့ ကိုယ်လုံးလေးနဲ့ သူမဝတ်သမျှက ပွဲတိုင်းမှာ ထင်ပေါ်နေတာကြောင့် မိန်းကလေးပရိသတ်တွေ အားကျနှစ်သက်နေရတဲ့ မင်းသမီးချောလေးတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : Nansu Yati Soe Instagram Account
Photo Credit : Nansu Yati Soe Instagram Account

နန်းဆုရတီစိုးကတော့ ရုပ်ရည်လေးက ချောမောလှပသလို အသံလေးကလည်း သာယာချိုမြလွန်းသူလေး ဖြစ်ပါတယ်။ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပရိသတ်အားပေးမှုရရှိထားတဲ့ နန်းဆုရတီစိုးက အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုက သီချင်းအသစ်လေးတွေ ဖန်တီးသီဆိုရင်း အောင်မြင်မှုတွေရရှိနေတာ ဖြစ်ပါတယ်။လတ်တလောမှာတော့ ဖက်ရှင်အလန်းစားလေးနဲ့ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ အထာကျကျ ပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Nansu Yati Soe Instagram Account
Photo Credit : Nansu Yati Soe Instagram Account

ပုံလေးတွေတိုင်းမှာ နန်းဆုတစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးတွက် နန်းဆုရဲ့ ဖက်ရှင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း နန်းဆုရဲ့ရှေ့ဆက် အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။နန်းဆုလည်း ရှေ့ဆက်ပြီး ဒီထက်မကအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Nansu Yati Soe Instagram Account
Photo Credit : Nansu Yati Soe Instagram Account

Source & Photo Credit : Nansu Yati Soe Instagram Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။