ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရင်ထဲနေရာယူထားတဲ့ ဇာတ်ပို့သရုပ်ဆောင် အနုပညာရှင်ဖြစ်တဲ့ ကေညီကလည်း အပါအဝင်ပါပဲ..။

သရုပ်ဆောင်ကောင်းတာကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး မြင့်မြတ်၊ ခင်လှိုင်တို့နဲ့ အတွဲညီလွန်းလှတဲ့ ကေညီကတော့ ရယ်စရာဇာတ်ရုပ်တွေအပြင် အကြမ်းအရမ်း ဇာတ်ရုပ်တွေမှာလည်း ပီပြင်ပိုင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကို ရရှိထားတာပါ..။

Photo Credit - K Nyi's FB Account
Photo Credit - K Nyi's FB Account

ပရိသတ်အချစ်တွေနဲ့အတူ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ်ရပ်တည်နေသလို ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်စရာသားလေးနဲ့အတူ အခွီ Tik Tok လေးတွေ ရိုက်ကူးဆော့ကစားကာ ပရိသတ်တွေကို သဘောကျအချစ်ပိုစေတတ်ပါသေးတယ်နော်..။

အခုလို Stay Home နေရတဲ့အချိန်ကာလလေးတွေမှာ Tik Tok ကို ပိုပြီးဆော့ဖြစ်နေပြီး သူ့ရဲ့ Tik Tok ဗီဒီယိုလေးတွေကလည်း မျက်နှာပြောင်ဆော့ကကစားထားတဲ့ တကယ်ကိုအခွီလေးတွေမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - K Nyi's FB Account
Photo Credit - K Nyi's FB Account

အခုတစ်ခါမှာလည်း ကေညီတစ်ယောက် Tik Tok ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ သီချင်းမြူးမြူးလေးနဲ့ အပီအပြင်ကထားတဲ့ သူ့ရဲ့ ဗီဒီယိုလေးကို ဝေမျှထားပြန်ပါတယ်နော်..။

ဟန်ဆောင်မှုတွေကင်းကင်းနဲ့ လွတ်လပ်ပေါ့ပါးစွာ အပီအပြင်ကနေတဲ့ ကေညီရဲ့ Tik Tok အခွီဗီဒီယိုလေးကိုလည်း ချစ်ပရိသတ်တွေအားလုံး နှစ်သက်ချစ်ခင်ကြမှာမို့ ပြန်လည်ဝေမျှ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - K Nyi's FB Account
Photo Credit - K Nyi's FB Account

Source & Photo Credit - K Nyi's FB Account

@davidknyi

♬ Sa Mau Ko, Ko Mau Dia - f€®&y $w££t

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။