သရုပ်ဆောင်မင်းသားကြီးနေမျိုးအောင်ကတော့ ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့လို့ ပရိသတ်တွေအရမ်းအားပေးရတဲ့သူဖြစ်ပါတယ်။နေမျိုးအောင်ရဲ့ အိုင်တင်တွေကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားနိုင်တာပါနော်။နေမျိုးအောင်က‌ ယနေ့ထိတိုင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account

နေမျိုးအောင်က သားချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သားနှစ်ယောက်ကလည်း အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေကြတာကို တွေ့ရပါတယ်နော်။နေမျိုးအောင်တို့မိသားစုလေးက အေးအေးချမ်းချမ်းရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးပါ။နေမျိုးအောင်ကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသလို့ မိသားစုအပေါ် လုံခြုံနွေးထွေးမှုအပြည့်ပေးပါတယ်နော်။

Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account

နေမျိုးအောင်ကတော့ သူ့ရဲ့နေမင်းသားဟိုတယ်မှာ သီးပင်စားပင်တွေကို အစုံစိုက်ထားပြီး ကိုယ်တိုင်ကေလောင်းပေါင်းသင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ပန်းလေးတွေကို ဘုရားမှာကပ်လှူပြီး ကုသိုလ်ယူနေတာဖြစ်ပါတယ်။နေမျိုးအောင်ကတော့ သစ်ပင်ပန်းပင်လေးတွေကြားမှာ အေးအေးချမ်းချမ်းပျော်မွေ့နေတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account
Photo Credit:Nay Myo Aung's Facebook Account

Source&Photo Credit:Nay Myo Aung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။