ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်အိအိတုန်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားတွေမှာ ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကိုယ်ကိုင်စီးပွားရေးအလုပ်အနေနဲ့ စျေးရောင်းလျက်ရှိနေတဲ့ သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းလွန်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ 

PHOTO CREDIT : EI TONE ' S FACEBOOK ACC
PHOTO CREDIT : EI TONE ' S FACEBOOK ACC

သူမရဲ့ သမီးလေးကတော့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ ချစ်ခင်ရသူလေးပဲဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးအပြင် ရင်သွေးလေးကို လွယ်ထားရတဲ့အကြောင်း မကြာခင်က ပရိသတ်တွေကို အသိပေးထားခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာ သူမတို့ သားအမိနှစ်ယောက်ဟာ ကျန်းမာရေးကောင်းမွန်ပြီး လွယ်ထားရတာ၃လပြည့်ပြီဖြစ်တဲ့ ရင်သွေးလေးကြောင့် ရင်တွေခုန်ပြီး ပျော်ရွှင်နေခဲ့ပါတယ်။

PHOTO CREDIT : EI TONE ' S FACEBOOK ACC
PHOTO CREDIT : EI TONE ' S FACEBOOK ACC

သူမကတော့ " ရင်တွေရမ်းခုန်နေတယ်ဗိုက်လေးကိုရိုက်ပီးပီခလေးကျန်းမာ3လတဲ့သားလေးလားသမီးလေးလားတော့မသိရသေးချစ်သမီးလေးပျော်နေတာ " ဆိုပြီး ပ​ျော်ရွှင်နေတဲ့ မိသားစုပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဇာတ်ပို့သရုပ်ဆောင်အိအိတုန်တို့မိသားစုရဲ့ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုံပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

SOURCE : EI TONE ' S FACEBOOK ACC 

PHOTO CREDIT : EI TONE ' S FACEBOOK ACC
PHOTO CREDIT : EI TONE ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။