ပရိသတ်ကြီးတို့ရဲ့ အချစ်တော် ကလေးသရုပ်ဆောင်ဖြစ်တဲ့ ပြည့်ပြည့်ကတော့ အရွယ်လေးနဲ့မမျှအောင် ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားပြီး ချစ်စရာကောင်းလွန်းတဲ့ပုံရိပ်လေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြတာပါ..။

ငယ်ငယ်လေးကတည်းက ပရိသတ်တွေရဲ့ တခဲနက်အချစ်တွေကို သိမ်းပိုက်ထားတဲ့ သမီးလေး ပြည့်ပြည့်ကတော့ Covid ရောဂါကြောင့် အနုပညာအလုပ်တွေရပ်နားထားရပေမယ့် Stay Home ကာလအချိန်လေးမှာလည်း အကျိုးရှိအောင် အိမ်မှာ စက်ချုပ်သင်နေပါတယ်နော်..။

Photo Credit - Pyae Pyae's FB Page
Photo Credit - Pyae Pyae's FB Page

အိမ်မှာနေရင်း အကျိုးရှိအောင် စက်ချုပ်သင်ကာ Mask တွေ ကိုယ်တိုင်ချုပ်နေတဲ့အကြောင်းလေးကိုလည်း ချစ်ပရိသတ်တွေကို အသိပေးပြောပြထားပြီး စိတ်ဝင်တစားစက်ချုပ်နေတဲ့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်နော်..။

အားလပ်ချိန်လေးတွေနဲ့ အကျိုးရှိအောင် စိတ်ပါဝင်တစားနဲ့ ကြိုးစားပမ်းစား Mask တွေချုပ်နေတဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး ပြည့်ပြည့်လေးပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

Photo Credit - Pyae Pyae's FB Page
Photo Credit - Pyae Pyae's FB Page

"ကြိုးစားခြင်းရဲ့ရလာဒ်အဖြစ်

သမီးကိုယ်တိုင်ချုပ်တဲ့ mask လေး။

"Corona virus ရောဂါ

မိမိကစကာကွယ်ပါ.." ဆိုပြီးတော့လည်း သမီးလေးပြည့်ပြည့်က ချစ်စဖွယ်လေး ပြောထားပါသေးတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ချစ်စရာကောင်းလွန်းတဲ့ သမီးလေး ပြည့်ပြည့်လေးရဲ့ စက်ချုပ်ပုံရိပ်လေးတွေကိုလည်း သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်တာမို့ သမီးလေးပြည့်ပြည့်အတွက် အားပေးစကားလေးတွေနဲ့အတူ အသည်းလေးတွေနဲ့ ဂုဏ်ပြုလိုက်ရအောင်နော်..။

Photo Credit - Pyae Pyae's FB Page
Photo Credit - Pyae Pyae's FB Page

Source & Photo Credit - Pyae Pyae's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။