ပရိသတ်ကြီးရေ အကယ်ဒမီမင်းသားကြီးလွင်မိုးကတော့ တစ်ခေတ်တစ်ခါမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။ယနေ့အချိန်တိုင် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားဆဲဖြစ်ပြီး အနုပညာအလုပ်တွေကိုတော့ အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။လွင်မိုးက အေးချမ်းတဲ့မိသားစုဘဝလေးမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account

လွင်မိုးရဲ့မြေးချောလေး Liamလေးကလည်း ချစ်မွှေးပါလို့ လူချစ်လူခင်ပေါများပါတယ်နော်။လွင်မိုးက အားတဲ့အချိန်တိုင်းမှာ မြးလေးနဲ့အတူဆော့ကစားပေးပြီး ကူထိန်းပေးတာဖြစ်ပါတယ်။လွင်မိုးကတော့ ချစ်စရာမြေးချောချောလေးကြောင့် မပျင်းရဘဲ အမြဲပျော်ရွှင်နေရပြီး အရွယ်တင်နုပျိုနေရတာပါနော်။‌လွင်မိုးက စိတ်သဘောထားပြည့်ဝလို့ လူချစ်လူခင်ကလည်းပေါများပါတယ်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account

အခုဆိုရင်လည်း သရုပ်ဆောင်ညီနန္ဒက လွင်မိုးတို့အိမ်ကို ထောပတ်ထမင်းလာပို့ပေးတာဖြစ်ပါတယ်။လွင်မိုးကတော့ "ညီနန္ဒ ရဲ့နာမည်ကြီးထောပတ်ထမင်းကြက်သားနဲ့အထူးအဆန်းပုဇွန်ထုတ် ကောင်းလွန်လို့လည်းနာမည်ကြီးတာပေါ့ ဆက်လုပ်ညီလေးရေအောင်မြင်နေပြီ"ဆိုပြီး ထောပတ်ထမင်းကို အားရပါးရစားနေတဲ့ပုံလေးကိုမျှဝေလာပြီး ချီးကျူးလိုက်တာဖြစ်ပါတယ်နော်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account

Source&Photo Credit:Lwin Moe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။