မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ (၁/၂၀၂၀) အစည်း အဝေးကို မေ ၂၅ ရက်၊ နေ့လယ်ပိုင်းက ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနား အစီအစဉ်အရ နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုး အောင်က အဖွင့် အမှာ စကားပြောကြားခဲ့ပါတယ်။ ယင်းနောက် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး (၁/၂၀၂၀) ဆုံး ဖြတ်ချက်အရ (၂၀၂၀-၂၀၂၃ခုနှစ်)အတွင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ နည်းစနစ်ပိုင်း ဆိုင်ရာ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရန် နည်းစနစ် ကော်မတီသစ် ကို ဖွဲ့စည်းခဲ့ပါတယ်။

PHOTO CREDIT: MFF ' S FACEBOOK PAGE
PHOTO CREDIT: MFF ' S FACEBOOK PAGE

နည်းစနစ်ကော်မတီသစ်ကို နာယကအဖြစ် ဦးတင်အောင်(ဂိုး)၊ ဦးဘန်နီတင်အောင်၊ ဥက္ကဋ္ဌ အဖြစ် ဦးသန်းတိုးအောင်၊ ဒု- ဥက္ကဋ္ဌ အဖြစ် ဦးတင်မြင့်အောင်၊အဖွဲ့ဝင်အဖြစ် ဦးကြည်လွင်၊ ဦးအောင်နိုင်၊ ဦးမျိုးလှိုင်ဝင်း၊ ဦးကျော်မင်းထူး၊ ဦးတင်မောင်ထွန်း၊ ဦးကျော်မင်း၊ ဦးဇော်ဝင်း ထွန်း၊ ဦးသန်းဝေ၊ ဦးစိုးမြတ်မင်း၊ ဦးအောင်ကျော်မိုး၊ ဦးမျိုးမင်းထွန်း၊ ဦးဇော်လင်းထွန်း၊ဦးအောင်ခိုင်၊ ဦးအောင်နေဝင်း၊ ဦးကျော်သူ အောင်မြင့်ထွန်း၊ ဦးဌေးမြင့်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ကော်မတီအနေဖြင့် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အရေးကြီး ဆုံးဖြတ် ချက်များ ဖြစ်သည့် မြန်မာ့ လက်ရွေးစင် ယူ၁၆ အသင်းနည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား ပြောင်းလဲ ခန့်အပ်ရန် လည်းကောင်း၊ ဖူဆယ်အသင်း နည်းပြချုပ် အဖြစ် နယ်သာလန် နိုင်ငံသား Victor Hermans နှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်တို့ကို ခန့်အပ်ရန်လည်း ကောင်း ဆုံးဖြတ်ခဲ့ပြီး ဖူဆယ် နှင့် အမျိုးသမီး ဘောလုံး လောက တိုးတက်ရေးအတွက် လိုအပ်သည့်အရာများကို ပံ့ပိုးပေးရန် ဆွေး နွေးခဲ့ပါတယ်။

PHOTO CREDIT: MFF ' S FACEBOOK PAGE
PHOTO CREDIT: MFF ' S FACEBOOK PAGE

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးကိုကိုသိန်းက 2020 AFF/AFC CALENDAR၊ သက်တမ်း လိုက် လက်ရွေးစင်အသင်းများ၏ပြိုင်ပွဲများ အတွက် ပြင်ဆင်ထားမှု အ​ခြေအ​နေနှင့် ၂၀၁၉ အတွင်း ရယူခဲ့သည့် အောင်မြင်မှုများကို ရှင်းလင်းတင် ပြ ခဲ့ပါတယ်။ယင်းနောက် နည်းစနစ်ဒါရိုက်တာရာထူးအတွက်လျှောက်ထားသူများ စာရင်းနှင့် အေဂျက်စ်၊ ဒေါ့မွန်ကလပ်အသင်းများနှင့် ပူးပေါင်း ဆောင် ရွက်မည်ဆိုပါက ကုန်ကျမည့် ​ဘတ်ဂျက် အခြေ အနေ၊ UEFA ASSIST PROGRAMME အကူအညီဖြင့် အိမ်ရှင်အဖြစ် လျှောက်ထားကျင်း ပရန် ကိစ္စရပ်များအား နည်းစနစ် ကော်မတီထံတင်ပြဆွေး နွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

SOURCE : MFF ' S FACEBOOK PAGE 

PHOTO CREDIT: MFF ' S FACEBOOK PAGE
PHOTO CREDIT: MFF ' S FACEBOOK PAGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။