ပရိသတ်တွေရဲ့အချစ်တော် မင်းသားချောလေးကျော်ထက်ဇော်ကတော့ MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲနေရာယူထားပြီး ပီပြင်ပိုင်နိုင်တဲ့ သူ့ရဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

အောက်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် အနုပညာလောကမှာရပ်တည်လျှောက်လှမ်းနေတဲ့ ကျော်ထက်ဇော်ကတော့ ယောက်ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကြား အမြဲရေပန်းစားနေသူဆိုလည်း မမှားပါဘူးနော်..။

Photo Credit - Kyaw Htet Zaw's FB Page
Photo Credit - Kyaw Htet Zaw's FB Page

မြတ်နိုးချစ်ခင်ရတဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေရရင် ပျော်နေတဲ့ ကျော်ထက်ဇော်ကတော့ အခုတစ်ခါမှာလည်း မြန်မာ့ရိုးရာတူရိယာတစ်ခုဖြစ်တဲ့ မယ်ဒလင် တီးခတ်နည်းကို လေ့လာသင်ယူနေနေတဲ့ ဗီဒီယိုလေးကို ဝေမျှလာပါတယ်နော်..။

မယ်ဒလင်တီးခတ်တာကို စိတ်ပါဝင်တစားနဲ့ ကြိုးစားပမ်းစား သင်ယူနေပြီး မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာ့တူရိယာ မယ်ဒလင်ကို အခုလို လေ့လာသင်ယူခွင့်ရလို့ ဝမ်းသာရတဲ့အကြောင်းလေးကိုလည်း ကျော်ထက်ဇော်က ပြောပြထားပါသေးတယ်..။

Photo Credit - Kyaw Htet Zaw's FB Page
Photo Credit - Kyaw Htet Zaw's FB Page

"ဆရာနီနဲ့ အမှတ်တရနေ့စွဲများ

မြန်မာလူမျိုး တစ်ယောက်အနေနဲ့ မြန်မာ့ တူရိယာ မယ်ဒလင် ကိုကျွမ်းကျင်စွာ မဟုတ်တောင် အခြေခံ သဘောတရားလေး သိခွင့်ရအောင် သင်ကြားပေးခဲ့တဲ့ ဆရာ့ကိုကျေးဇူးတင်ပါတယ်ဗျ.." ဆိုပြီး အမှတ်တရဗီဒီယိုလေးကို ဝေမျှထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့အောက်မှာလည်ူ ပရိသတ်တွေက သဘောကျနေကြတဲ့ အကြောင်းလေးတွေကို မှတ်ချက်ပေးရေးသားထားကြသလို "ကျနော့်ဘဝရဲ့ အမှတ်တရလေးကို ကျနော့်ဇော်ဂျီလေးတွေ လည်းမြင်ဖူးစေချင်တာပါဗျ.." ဆိုပြီးတော့လည်း ကျော်ထက်ဇော်က ပရိသတ်တွေကို ပြောပြထားသေးတာမို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြရပါတယ်နော်..။

Photo Credit - Kyaw Htet Zaw's FB Page
Photo Credit - Kyaw Htet Zaw's FB Page

Source & Photo Credit - Kyaw Htet Zaw's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။