တစ်ချိန်ကအောင်မြင်ခဲ့တဲ့ ထိပ်တန်းမင်းသားချောလေးဖြစ်တဲ့ ဟိန်းဝေယံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကာ အနုပညာလောကမှာ နေရာတစ်ခုရယူထားနိုင်သူလေးဖြစ်ပါတယ်။ ဟိန်းဝေယံကတော့ ယောကျာ်းပီသပြီး  တည်ကြည်ကာ ချောမောတဲ့ ရုပ်ရည်ကြောင့် မိန်းကလေးတွေကြွေခဲ့ရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit: heinn wai yan - ko hein wai yan ' s facebook page
photo credit: heinn wai yan - ko hein wai yan ' s facebook page

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ယခုမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိနေတဲ့ ဟိန်းဝေယံကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူလေးပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ ဟိန်းဝေယံမိခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပြီး ဟိန်းဝေယံကတော့ ချစ်ရတဲ့ အမေ့ရဲ့မွေးနေ့လေးမှာ ကြည်နူးစရာ​ကောင်းလွန်းတဲ့ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်။ 

Photo Credit : San San Win ' s facebook acc
Photo Credit : San San Win ' s facebook acc

ဟိန်းဝေယံကတော့ " Happy birthday mom.. မွေးနေ့မှစ၍ ယခုထက်ပိုပြီး သာသနာအကျိုးသယ်ပိုးနိုင်ပါစေ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ ကောင်းကျိုးလိုရာဆန္ဒများပြည့်ပါစေ "ဆိုပြီး အမေ့ရဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးဟိန်းဝေယံတို့ သားအမိရဲ့ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source : heinn  wai yan' s facebook acc 

Photo credit: heinn wai yan' s facebook acc
Photo Credit : San San Win ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။