ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားကြတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေနဲ့ တစ်ယောက်တစ်မျိုး ပရိသတ်တွေကို အချစ်ပိုစေသူလေးတွေကတော့ စန္ဒီမြင့်လွင်၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ၊ ယုသန္တာတင်နဲ့ သွန်းဆက်တို့ပဲ ဖြစ်ပါတယ်နော်..။

အနုပညာနယ်ပယ်အသီးသီးမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ သူတို့သူငယ်ချင်း ငါးယောက်ကတော့ ချစ်စရာကောင်းသလို ပျော်ပျော်နေနေလည်းနေတတ်ကြပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဟန်ဆောင်မှုကင်းတဲ့ ချစ်စရာပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက သဘောကျအချစ်ပိုနေကြတာပါ..။

Photo Credit - Sandy Myint Lwin Tik Tok
Photo Credit - Sandy Myint Lwin Tik Tok

ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားထားကြတဲ့ သူတို့သူငယ်ချင်းငါးယောက်ဟာ အနုပညာအလုပ်တွေကိုလည်း ကိုယ်စီလုပ်ဆောင်နေကြပြီး လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကနေလည်း အမြဲမှျှဝေလေ့ရှိကြသူလေးတွေလည်း ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တော်လေး သူမတို့ငါးယာက်ကတော့ အခုတစ်ခါမှာလည်း ငါးယောက်သားပေါင်းပြီး Tik Tok အခွီလေး ဆော့ကစားကာ ပျော်နေတဲ့ ဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်တွေကို အပျင်းလေးတွေ ပြေစေကာ ရယ်မောစေပြန်ပါတယ်နော်..။

Photo Credit - Sandy Myint Lwin Tik Tok
Photo Credit - Sandy Myint Lwin Tik Tok

Stay Home နေရတဲ့အချိန် အားလပ်ချိန်လေးတွေနဲ့ မိသားစုကို အချိန်ပိုပေးဖြစ်နေသလို သူငယ်ချင်းတွေနဲ့လည်း အချိန်ဖြုန်းကာ အခွီလေးတွေ ဆော့ကစားပြီး ပျော်နေကြတဲ့ သူတို့ရဲ့ Tik Tok အခွီဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

ငါးယောက်သား မျက်နှာပြောင်ပြီး အခွီလေးတွေ ကပြထားတဲ့ ဗီဒီယိုလေးမှာတော့ ခေးမေမေနှစ်ယောက်ဖြစ်တဲ့ ဒီဒီးနဲ့ နန်းမြတ်တို့နှစ်ယောက် အကဲဆုံးဖြစ်သလို သူမတို့နှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကြောင့်လည်း ဗီဒီယိုလေးက ပိုပြီးအသက်ဝင် ချစ်ဖို့ကောင်းတာလို့ ပြောရမလားပဲနော် ပရိသတ်ကြီးရေ..။

Photo Credit - Sandy Myint Lwin Tik Tok
Photo Credit - Sandy Myint Lwin Tik Tok
@sandymyintlwin

သိပ်မကဲပါဘူး ##sandymyintlwin##burmesetiktok ##havefunn @nannthuzar

♬ 오리지널 사운드 - leebomyi
@sandymyintlwin

♬ Salah Apa Aku (Remix) - THe KiLLer SUGI

Source & Photo Credit - Sandy Myint Lwin Tik Tok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။