ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေးသန္တာဗိုလ်ကတော့ သရုပ်ဆောင်ပိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။

Photo Credit : Thandar Bo Facebook Account
Photo Credit : Thandar Bo Facebook Account

ပရိသတ်တွေရဲ့ အချစ်ကို ပြည့်အဝရရှိထားတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို မကြာခဏဆိုသလို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိပါတယ်။ ဒါ့ပြင်သူမကတော့ ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူဘဝလေးကိုလည်း ချစ်သူ ကောင်းပြည့်နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Thandar Bo Facebook Account
Photo Credit : Thandar Bo Facebook Account

သူမကတော့ ဒီရက်ပိုင်းမှာ ပရိသတ်တွေ ရယ်မောပျော်ရွှင်စေရန် အခွီtik tokဗီဒီယို လေးတွေအပြင် အမိုက်စားကပြထားတဲ့ ဗီဒီယိုလေးတွေကိုလည်းဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း ချစ်ရတဲ့ အစ်မနဲ့အတူ စည်းချက်ညီညီ အမိုက်စားကထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Thandar Bo Facebook Account
Photo Credit : Thandar Bo Facebook Account

Source & Photo Credit : Thandar Bo Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။