ချစ်ပရိသတ်ကြီးရေ ပန်းရောင်ခြယ်ကတော့ အသံပါဝါကောင်းကောင်းနဲ့ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ အလှလေးတွေကြောင့် ပရိသတ်တွေအသည်းစွဲချစ်ခင်ရသူလေးပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြားမှာ ပရိသတ်တွေကြွေခဲ့ရပြီး မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကိုသာမက ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူလေးပဲဖြစ်ပါတယ်။

Photo Credit : Pan Yaung Chel Facebook Account
Photo Credit : Pan Yaung Chel Facebook Account

သူမဟာ Cover song လေးတွေသီဆိုရာမှတစ်ဆင့် ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ချစ်ဖေဖေဂရေဟမ်နဲ့လည်း " Wake up Daddy " ဆိုတဲ့ တေးစီးရီး Album လေးလည်းထွက်ရှိခဲ့ရာ အတော်လေးရေပန်းစားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Pan Yaung Chel Facebook Account
Photo Credit : Pan Yaung Chel Facebook Account

သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမြဲဆိုသလိုဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း နိုင်ငံခြားသူလေးလားထင်မှတ်ရလောက်အောင် ဘိုဆန်ဆန်လေးချစ်စရာကောင်းလွန်းနေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေက ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Pan Yaung Chel Facebook Account
Photo Credit : Pan Yaung Chel Facebook Account

Source & Photo Credit : Pan Yaung Chel Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။