ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Institute for Sound and Vision" အကြားအမြင် အင်စတီကျု အဆောက်အအုံကြီး အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ၊ ဟေဗာဆန်မြို့မှာ တည်ရှိတဲ့ နယ်သာလန် အကြားအမြင်အင်စတီကျုဟာ ကမ္ဘာပေါ်မှာ နှိုင်းယှဉ် ရန်မရှိသေးတဲ့ ပြိုင်ဘက် အကင်းဆုံးသော အဆောက်အအုံများမှာ ပါဝင်ပါတယ်။

photo credit pngtree

အင်စတီကျုရဲ့ ဒီဇိုင်းကို ဗိသုကာ ပညာရှင်များ ဖြစ်ကြတဲ့ ဝီလမ် ဂျမ်နော့တလင်း နှင့် မိုက်ကယ် ရိုင်ဒစ်ဂျ်တို့က ကုဗတုံး တစ်တုံးပုံစံ ရေးဆွဲခဲ့ကြပါတယ်။ အထပ် ၁၀ ထပ်ပါရှိတဲ့ ထိုအဆောက်အအုံရဲ့ တစ်ဝက်ကို မြေအောက်မှာ တည်ဆောက်ထားပြီး အဆောက်အအုံတစ်ခုလုံးကို ရောင်စုံ မှန်များဖြင့် အလှဆင်ထားတာပါ။

photo credit pngtree

နယ်သာလန် အကြားအမြင် အင်စတီကျု အဆောက်အအုံရဲ့ ညမြင်ကွင်းဟာ မြင်ရသူများအား သီးခြားလက္ခဏာ များဖြင့် ညှို့ယူ ဖမ်းစားလျက်ရှိပါတယ်။ ပြတိုက်တစ်ခုအဖြစ် ဖွင့်လှစ်ထားတဲ့ အကြားအမြင် အင်စတီကျုဟာ နယ်သာလန်နိုင်ငံရဲ့ သမိုင်း တစ်လျောက် ထုတ်လုပ်ခဲ့သောအမြင်အကြားဆိုင်ရာ ရုပ်သံ ပစ္စည်းအများစုကို ထိမ်းသိမ်းထားတဲ့ မော်ကွန်းတိုက်လည်း ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။