အကယ်ဒမီမင်းသမီးချောလေးအေးမြတ်သူကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေရင်း ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ပိုပိုတိုးပြီးရရှိလာနေတာဖြစ်ပါတယ်။အေးမြတ်သူက ရိုးရှင်းပွင့်လင်းပြီး သဘောထားပြည့်ဝတဲ့အပြင် လူတန်းစားခွဲခြားတဲ့စိတ်လည်းမရှိပါဘူးနော်။မာန်မာနကင်းမဲ့လို့လည်း အေးမြတ်သူရဲ့စိတ်ထားလေးကို ပရိသတ်တွေကချီးကျူးပြီးလေးစားနေကြတာဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook page
Photo Credit:Aye Myat Thu's Facebook page
Photo Credit:Aye Myat Thu's Facebook page

အေးမြတ်သူကတော့ ယခုStay Homeကာလမှာ လေ့ကျင့်ခန်းတွေလည်းမှန်မှန်လုပ်ဆောင်သလို Tiktokလေးတွေလည်းအမြဲဆော့ပြီး ဗီဒီယိုဖိုင်တွေမျှဝေပေးပါတယ်။အေးမြတ်သူကတော့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ဟင်းချက်လည်းတော်ပြီး အိမ်မှုကိစ္စနိုင်နင်းပါတယ်နော်။ဒီလိုကာလလေးမှာ အေးမြတ်သူကတော့ စားချင်တာလေးတွေကို ဖွယ်ဖွယ်ရာရာချက်ပြုတ်စားနေတာဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook page
Photo Credit:Aye Myat Thu's Facebook page
Photo Credit:Aye Myat Thu's Facebook page
Photo Credit:Aye Myat Thu's Facebook page

အခုဆိုရင်တော့ အေးမြတ်သူက ဖေဖေ၊မေမေတို့နဲ့အတူ အကာအကွယ်ပစ္စည်းအစုံအလင်နဲ့ဈေးဝယ်ထွက်ကြတာဖြစ်ပါတယ်။အေးမြတ်သူကတော့"အိမ်က ကလေး၂ယောက် Makro မရောက်ဘူးသေးလို့ တဲ့ အဖေ က တော့ မပျော်ဘူးတဲ့ အမေ ကတော့ ပြုံးပြုံးနဲ့.....ပုဇွန်တုပ် ကတော့ မျိုးနဲ့ရိုးနဲ့ ကိုကြိုက်တာရှင့်..ခုလည်း အမေ ပုဇွန်ထုပ်တွေ အကြိုက်ဝယ်နေသေးရဲ့ "ဆိုပြီး မိသားစုသုံးယောက်ပုံလေးတွေမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook page
Photo Credit:Aye Myat Thu's Facebook page
Photo Credit:Aye Myat Thu's Facebook page

Source&Photo Credit:Aye Myat Thu's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။