အချိန်အတော်ကြာပရိသတ်တွေရဲ့ ရင်ထဲမှာဝင်ရောက်နေရာယူခဲ့တဲ့ ဝါရင့်မင်းသမီးမို့မို့မြင့်အောင်ကတော့ တစ်ချိန်က အောင်မြင်​ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုသိမ်းပိုက်ထားပြီး ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိတဲ့ သူမကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page

သူမကတော့ ယခုမှာ သားတပည့်တွေဖြစ်ကြတဲ့အောင်ရေချမ်း လင်းမြတ် ကျော်ထက်ဇော်တို့ လာရောက်ကန်တော့လို့ ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။သူမကတော့ " လေးစားချစ်ခင်တန်ဖိုးထားမြတ်နိုးရပါသောပရိသတ်ကြီးနှင့် WE LOVE MMMA သဲသဲတုံလေးတို့ရှင့် မို့မွေးနေ့ကိုအမှတ်တရထားပေး ရင်ခုန်ပေး မေတ်တာတွေပို့ပေးလို့ကျေးဇူးတင်ပါတယ်။မို့ရဲ့အနုပညာမောင်နှမတွေလည်းအရေးတယူBIRTHDAY WISH လုပ်ပေးတဲ့အကို မောင်လေး ညီမလေးတွေကိုကျေးဇူးတင်ပါတယ် " ဆိုပြီးရေးသားထားပါတယ် ။

photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page

သူမကတော့ " မိမိACCOUNT ကနေဆုတောင်းပေးတဲ့ ဖုံးနဲ့ဆုတောင်းပေးတဲ့သားတပည့်တွေ ကိုယ်တိုင်လာပြီးမွေးနေ့ SURPRISEလုပ်ပေးတဲ့ချစ်သားတပည့် အောင်ရေချမ်း လင်းမြတ် ကျော်ထက်ဇော် သားတို့ကိုလည်းကျေးဇူးတင်ပါတယ် မေမွေးပျော်သွားတယ်။ ကျော်ထက်ဇော် ကမို့သားတပည့် ဆိုတာ မိတ်မဆက်မပေးရသေးဘူး မနက်ဖန်မှသေချာရေးသားမိတ်ဆက်ပေးပါ့မယ်နော်။မို့မိခင်ကြီးဆီမိုးချုပ်မှရောက်သွားလို့အခုမှပုံလေးတင်ပေးဖြစ်တော့တယ် ။မို့မိခင်ကြီးကဧပြီ၃ ရက်နေ့က ၉၈နှစ်ပြည့်ပါ။မိခင်ကြီးအသက်ရာကျော်ရှည်အောင်ဆုတောင်းပေးကြပါနော် "ဆိုပြီးရေးသားထားခဲ့ပါတယ် ။

Source  : Academy Moht Moht Myint Aung 's facebook page

photo credit : Academy Moht Moht Myint Aung 's facebook page
photo credit : Academy Moht Moht Myint Aung 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။