Beauty Blogger မလေးနေခြည်ဦးကတော့ သရုပ်ဆောင်အဖြစ်ပါ အောင်မြင်မှုများစွာကိုရရှိနေတဲ့ ပရိသတ်အချစ်တော်လေး ဖြစ်ပါတယ် ။ နေခြည်ဦးက အလုပ်တွေကိုကြိုးစားပမ်းလုပ်ကိုင်ခဲ့တာကြောင့် အချိန်ခဏလေးအတွင်းမှာတင် မသိသူမရှိလောက်အောင် လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ နေခြည်ဦးကတော့ တစ်နေ့တခြားပိုပိုလှလာသလို ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ပိုမိုရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

အခုဆိုရင် နေခြည်ဦး Makeup Tutorial Video ဗီဒီယိုလေးတွေရိုက်ကူးနေသလို သရုပ်ဆောင်အဖြစ် ကြော်ငြာတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ နေခြည်ဦးအနေနဲ့ အခုလို Stay Home ကာလမှာလည်း ပရိသတ်တွေအတွက် အလွမ်းပြေပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း နေခြည်ဦးက အပြတ်အသတ်ဂေါ်နေတဲ့ပုံစံလေးနဲ့ ခပ်မိုက်မိုက်လေး Tik Tok ကစားပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

နေခြည်ဦးက အိမ်နေရင်းပုံစံလေးကနေ ကြည့်နေရင်းနဲ့ပဲ အလန်းစားပုံစံလေးဖြစ်သွားအောင် လုပ်ပြလိုက်တာပဲ ဖြစ်ပါတယ် ။ အထာကျကျလေးချေပြလိုက်တဲ့ နေခြည်ဦးကတော့ ပရိသတ်တွေကြွေသွားလောက်အောင် ဖမ်းစားလိုက်နိုင်တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော နေခြည်ဦးရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Nay Chi Oo's FB Acc

Photo Credit-Nay Chi Oo's FB Acc
Photo Credit-Nay Chi Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။